Showing posts with label အတွေးများ. Show all posts
Showing posts with label အတွေးများ. Show all posts

အမှတ်တမဲ့ # ၎





ကျွန်တော်တို့ ထေရဝါဒဗုဒ္ဓဘာသာတွေမှာ ယဉ်ကျေးမှုတစ်ရပ်ဖြစ်တဲ့ ဆင်းတုတော် ၊ ရုပ်တုတော်တွေကို ကိုးကွယ်ခြင်း အလေ့အထက ဗုဒ္ဓဘာသာ သာသနာတော်ပျံ့နှံ့ရာ နေရာဒေသတွေမှာ ရှိနေပါတယ်။ ဗုဒ္ဓရုပ်တု ဆင်းတုတော်တွေကို မြေအုတ် ၊ ကျောက် ၊ သစ်သား စတာတွေနဲ့ ပြုလုပ်ရာကနေ နောက်ပိုင်းမှာ အခုကျွန်တော်တို့တွေ ထုလုပ်ကိုးကွယ်နေကြတဲ့ သံ ၊ ကြေး ၊ ရွှေ ၊ ငွေ စတဲ့ သတ္တု ပစ္စည်းတွေနဲ့ ပြုလုပ်ကိုးကွယ်လာကြပါတယ် ။ ပုံမှန်စဉ်းစားကြည့်ရင်တော့ ထေရဝါဒ ဗုဒ္ဓဘာသာဝင် မဟုတ်သူများအနေနဲ့ ရုပ်တုတွေကိုဘဲ ကိုးကွယ်နေကြတယ်လို့ ထင်ကောင်းထင်နိုင်ကြပါတယ် … မဟုတ်ပါဘူး … ယခုလို ဆင်းတုတော်တွေကို ထုလုပ်ကိုးကွယ်တဲ့အခါမှာ ပိုမိုလေးစားရာဖြစ်အောင် “အနေကဇာ” တင်လေ့ရှိပါတယ်။
“အနေကဇာ” တင်ခြင်းဆိုတာကတော့ ပါဠိ ဝေါဟာရ “ အနေကဇာတိ ” နဲ့ မြန်မာဝေါဟာရ “တင်ခြင်း ”ကို ပေါင်းစပ်ထားတာဖြစ်ပါတယ် ။“ အနေကဇာတိ ” ဆိုတဲ့ ပါဠိဝေါဟာရမှာ မြတ်စွာဘုရား ဥဒါန်းကျူးရင့်တဲ့ အနေကဇာတိ သံသာရံ အစချီတဲ့ ဂါထာကနေ အစဦးဆုံး ဝေါဟာရကို ယူထားခြင်းဖြစ်ပါတယ် ။ ပါဠိ “ အနေကဇာတိ ”မှာ နောက်ဆုံးအသံ ၊ နောက်ဆုံး အက္ခရာဖြစ်တဲ့ “ တိ ” ကို ဥတ္တရလောပ လို့ဆိုအပ်တဲ့ ဘာသာဗေဒနည်းအရ ချေဖျက်ပြီး “ အနေကဇာ ”ကိုသာ ယူထားခြင်းဖြစ်ပါတယ်။ “ တင်ခြင်း ”မှာ တင်မြှောက်ခြင်း ၊ ပူဇော်ခြင်း လို့ဆိုပါတယ် ။ ဒါ့ကြောင့် အနေကဇာတိသံသာရံ အစချီပြီး ဥဒါန်းဂါထာကို ရွတ်ဆိုပြီး ဘုရားအဖြစ်သို့ တင်မြှောက် ပူဇော်ခြင်းဘဲ ဖြစ်ပါတယ် ။
ဘာကြောင့် ဒီဥဒါန်းဂါထာကို ရွတ်ဆိုကြသလဲဆိုရင် ဂေါတမမြတ်စွာဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသားက သက်တော် နှစ်ဆယ့်ကိုးနှစ်မှာ တောထွက်တော်မှုခဲ့ပြီး ဒုက္ကရစရိယာခြောက်နှစ်တိုင်တိုင်ကျင့်တော်မူပြီးတဲ့နောက်မှာ ဘုရားအဖြစ်ကို ရောက်ရှိတော်မူခဲ့ပါတယ် ။ ဘုရားအဖြစ်ကို ရောက်တာနဲ့ ရှေးဦးစွာ ပထမဆုံး ဝမ်းမြောက်ဝမ်းသာကျူးရင့်ခဲ့တဲ့ဂါထာမှာ အနေကဇာတိ သံသာရံ အစချီတဲ့ ဂါထာနှစ်ပုဒ်ဘဲဖြစ်ပါတယ် ။ မြတ်စွာဘုရားသခင်ရဲ့ အဓိကရည်မှန်းချက်ဖြစ်တဲ့ သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်ကို ရောက်တော်မူပြီးတဲ့အခါ ဝမ်းမြောက်ဝမ်းသာ နှစ်သက်ခြင်း ဖြစ်လာတဲ့ဂါထာတွေဖြစ်တာကြောင့် ထိုဂါထာကို ဥဒါန်းဂါထာ ( ဝမ်းမြောက်ခြင်း ) လို့ အဓိပ္ပာယ်ရပါတယ် ။ ပါဠိအနက်ကတော့ …
၁။ အနေကဇာတိသံသာရံ ၊ သန္ဓာဝိဿံ အနိဗ္ဗီသံ ။
ဂဟကာရံ ဂဝေသန္တော ၊ ဒုက္ခာဇာတိ ပုနပ္ပုနံ ။
၂။ဂဟကာရက ဒိဌောသိ ၊ ပုနဂေတံ နကာဟသိ ။
သဗ္ဗာ တေ ဟသုကာ သဂ္ဂါ ၊ ဂဟကူဋံ ဝိသင်္ခတံ ။
ဝိသင်္ခါရဂတံ စိတ္တံ ၊ တဏှာနံခယမဇ္ဇုဂါ ။
အဓိပ္ပာယ် …
၁။ အဖန်တလဲလဲ ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲငြိုငြင်၏။ထို့ကြောင့် ခန္ဓာအိမ်ကို အကြိမ်များစွာ
ဆောက်လုပ်လာသော တဏှာယောင်္ကျား လက်သမားကို ဥာဏ်ဖြင့်မွှေ၍ ဘဝများစွာ
ရှာဖွေသောငါသည် သင့်ကိုမြင်နိုင် ဥာဏ်မဣိုင်ကို မပိုင်ရသေးသောကြောင့်သာလျှင်
သံသရာကာလပတ်လုံး ကျင်လည် ပြေးသွားခဲ့ရ၏ ။
၂။ ဟယ် … တဏှာယောင်္ကျား လက်သမား ၊ ပညာ စက္ခုသဗ္ဗညုဖြင့် သင့်ကို ယခု
ငါမြင်ပြီးသောသူဖြစ်ပြီး အတ္တဘောတည်း ဟူသော ခန္ဓာအိမ်ကို သင်သည်
တစ်ဖန်မပြုရသောအံ့ ။ သင်၏ ခပ်သိမ်းကုန်သော ၊ ကိလေသာတည်း တို့ကို
ချိုးဖျက်အပ်ကုန်ပြီ ။ အဝိဇ္ဇာတည်းဟူသော အိမ်အထွတ်ကို ဖျက်စီးအပ်ပြီ ။ ငါ၏စိတ်သည်
ပြုပြင်စီရင်ခြင်းကင်းသော နိဗ္ဗာန်သို့ အာရုံပြူသောအားဖြင့် ရောက်ပြီ ။ တဏှာတို့၏
ကုန်ရာ ကုန်ကြောင်း ဖြစ်သော အရဟတ္တဖိုလ်သို့ ရောက်ပြီ ။
မြတ်စွာဘုရားသခင်ရဲ့ ရုပ်တုတော်ကို အနေကဇာတင်ရာမှာ အထက်ပါ ဂါထာတွေကို ဦးစွာ ရွတ်ဆိုကြတာက သက်တော်ထင်ရှားမြတ်စွားဘုရားသခင်သည် “ ကိလေသာကုန်ခန်း၍ ဘုရားအဖြစ်သို့ရောက်ပြီးသံသရာ၌ ကျင်လည်ရခြင်းမရှိတော့ပြီ ” လို့ ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးရင့်သလို ဘုရားဆင်းတု ရုပ်တုသည်လည်း ဘုရားစင်စစ် အဖြစ်သို့ ရောက်ပြီဟု မှတ်ယူလာကြပြီး သက်တော်ထင်ရှား ဘုရားရှင်နဲ့အလားတူ စိတ်ထားပြီးပူဇော်ကြခြင်းဟာ ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေအတွက် ကောင်းမြတ်တဲ့ အလေ့အထလေးဖြစ်ပါတယ် ။။။

ဆက်လက်ဖတ်ရှုရန် ...

ဂျင်းဂျက်ကတ်မှတ်စု # ၂

မာယာ ။


ကျွန်တော်တို့တွေ နေ့စဉ်စကားပြောတဲ့အခါ မရိုးသားတဲ့သူတွေကို ရှုတ်ချဖို့အတွက် “အပလီ” နဲ့ “မာယာ” ဆိုပြီး သုံးစွဲကြပါတယ် ။ “အပလီ တစ်သိန်း အပလိန်းအနန္တ” “မာယာ ကုဋေကုဋာ” ဆိုတဲ့ စကားတွေကတော့ မိတ်ဆွေလို့ မပေါင်းဖော်သင့်တဲ့သူ ၊ ဆရာအဖြစ် မချဉ်းကပ်သင့်တဲ့သူ ၊ လူယုတ်တွေလို့ ကဲ့ရဲ့တဲ့ ဂရဟာစကားတွေဘဲ ဖြစ်ပါတယ် ။

မာယာဆိုတာ လှည့်ပတ်ခြင်းသဘော ။ ကောက်ကျစ်ခြင်းသဘော ၊ မရိုးသားခြင်းသဘောပါတဲ့ ။တရားသဘောအရဆိုရင်တော့ တဏှာလောဘလို့ ဓမ္မသင်္ဂဏီ အဋ္ဌကထာက ဆိုထားပါတယ်။ မာယာကို မျက်လှည့်သမားနဲ့ ဥပမာပေးကြပြီး မျက်လှည့်ပညာရှင်က အမှားကို အမှန်ထင်အောင် လက်စွမ်း ပြတတ်သလို မာယာရှင်က တစ်ဘက်သားကို ထင်ယောင်ထင်မှားဖြစ်အောင် လှည့်စားတတ်ပါတယ်။ ယုတ်မာတဲ့ ရည်ရွယ်ချက်နဲ့ လိမ်လည် လှည့်ဖျားမယ် ၊ မလိမ့်တပတ် ကောက်ကျစ်မယ် ၊ ပညာသတိ အားနည်းသူတွေကို လက်တစ်လုံးခြား အနိုင်ယူတတ်ပါတယ် ။ ထင်ထင်ရှားရှားဖြစ်နေတဲ့ မိမိအပြစ်ကို ဖုံးကွယ်ခြင်းသဘော ၊ ပြုထားပြီးတဲ့ မကောင်းမှုကို လျှို့ဝှက်ဖုံးကွယ်ခြင်းသဘောတွေက “မာယာ” ပါဘဲ။ ဒါ့အပြင် မာယာက ပြာဖုံးနေတဲ့ မီးကျီခဲ ၊ ရေမှာမြုတ်နေတဲ့ သစ်ငုတ် ၊ အဝတ်နဲ့ ဖုံးလွှမ်းရစ်ပတ်ထားတဲ့ ဓားလက်နက်တွေနဲ့လည်းတူပါတယ် ။ မာယာက မြင်နိုင်ခဲပါတယ် ။ မာယာရှင်က အသိခက်လှပါတယ် ။ မာယာရှင်က သိနိုင်ခဲသလို မိမိသန္တာန်မှာ မာယာဖြစ်နေတာကို သတိမထားတတ်ကြပါဘူး ။ မာယာကို ပညာလို့ထင်နေတတ်ပါတယ် ။ တစ်ဘက်သားကို မာယာနဲ့ အကွက်ဆင် လှည့်စားနိုင်တဲ့အခါ ပညာသားပါလှပြီလို့ အထင်မှားတတ်ကြတယ် ၊ ပိုင်လှပြီလို့ ကျေနပ်နေတတ်ကြပါတယ် ။ မာယာရှင်က ကောက်ကျစ်မှုမှာ ကျွမ်းကျင်ပြီး တစ်ဘက်သားကို မသိမသာ ပါးပါးလွှာတတ်ပါတယ် ။ ဒါ့ကြောင့် သူသူငါငါ လူသာမာန်တွေက မာယာရဲ့လှည်းစားခြင်းကို ခံကြရတာပါဘဲ။ မာယာရှင်က သူ့အပြစ်ကို ဖုံးကွယ်ရာမှာ တစ်ဘက်သားကို ထိပါးတတ်မယ် ၊ သူ့အပြစ်ကို သူများအပြစ် ဖြစ်အောင် လွှဲချတတ်မယ် ၊ ကိုယ့်အပြစ်ကို သူ့အပြစ်ဖြစ်အောင် လှည့်ဖျားပြီး ဖုံးကွယ်ကြတာပါဘဲ ။

မာယာအကြောင်းကို ပိုပြီးစိတ်ဝင်စားအောင် ပြောပြရရင် ဟိုးအရင်က မလ္လိကာ မိဖုရားဆိုတာ ရှိပါတယ် ။ သူက တစ်နေ့မှာ ကိုယ်လက်သုတ်သင်ဖို့ ရေချိုးခန်းကို ဝင်တဲ့အခါ သခင်ကို ခင်တဲ့သူမရဲ့ ခွေးကလည်း သူနဲ့အတူ လိုက်သွားပါတယ် ။ မျက်နှာသစ်ပြီး ခြေဆေးဖို့ ကိုယ်ကို ကိုင်းညွတ်လိုက်တဲ့အခါမှာ အနားမှာရှိတဲ့ခွေးက မိဖုရားကြီးကို မေထုန်ပြုဖို့ ကြိုးစားပါတယ် ။ မိဖုရားကလည်း အဲ့အတွေ့ကို သာယာမိသွားပါတယ်။ ဒါကို နန်းတော်လေသာပြတင်းကနေ မြင်လိုက်တဲ့ ဘုရင်ကြီးက အပြစ်ဆိုစွပ်စွဲလိုက်ပါတယ်။ မိဖုရားကြီးကလည်း လေသာပြတင်းကနေ ရေချိုးခန်းကို ကြည့်လိုက်ရင် အမြင်ဝါးသွားတတ်ကြောင်း ၊ တစ်ခုကို နှစ်ခု ၊ တစ်ယောက်ကို နှစ်ယောက် ထင်ရကြောင်း ဆင်ခြေပေးပြီးတော့ ရေချိုးခန်းထဲမှာ ခွေးမရှိပါဘူးလို့ အဖြစ်မှန်ကို ဖုံးကွယ်ပြီး မာယာသုံးလိုက်ပါတယ် ။ ဒါပေမဲ့ ကိုယ်တိုင်မြင်လိုက်ရတဲ့ ဘုရင်ကြီးက မိဖုရားကြီးကို မယုံပါဘူး ။

ဒါ့ကြောင့် မိဖုရားကြီးက မင်းကြီးကို ရေချိုးခန်းထဲ ဝင်စေပြီးတော့ နန်းတော်လေသာပြတင်းပေါက်ကနေကြည့်ပြီး မင်းကြီးကို ဆိတ်မနဲ့ ဖောက်ပြန်နေတယ်လို့ မဟုတ်မမှန် ပြန်လှန် စွပ်စွဲလိုက်ပါတယ် ။ မင်းကြီးကငြင်းတော့ ကိုယ်တိုင်မြင်ရပါတယ်လို့ ဆိုပါတယ် ဒါကို ဥာဏ်နည်းတဲ့ မင်းကြီးက မိဖုရားကြီးရဲ့မာယာကို ယုံကြည်သွားပါတယ် ။ ဒီဝတ္ထုမှာ မိဖုရားကြီး တွေ့ကြုံရတဲ့ အဖြစ်အပျက်က အစမှာ မတော်တဆဖြစ်ခဲ့တာပါ ။ စေတနာဆိုးနဲ့ ရည်ရွယ်ပြီး ဖောက်ပြန်မှားယွင်းခဲ့တာ မဟုတ်ပါဘူး … အမှတ်တမဲ့ကြုံတဲ့ ကိစ္စကို ရှင်းပြပြီး အမှန်ကို ရိုးသားစွာ ဝန်ခံလိုက်ရင် ပြေလည်နိုင်တာကို မရိုးမသား လှည့်စားမိလိုက်တာကြောင့် ယုတ်မာတဲ့ အကုသိုလ်မာယာ ဖြစ်ခဲ့ရပါတယ် ။ ကိုယ့်အပြစ်ပပျောက်အောင် ရည်ရွယ်ပြီး မပြစ်မှားသင့်တဲ့သူကို လုပ်ကြံစွပ်စွဲခဲ့မိပါတယ် ။ ခွင့်လွှတ်နိုင်လောက်တဲ့ အသေးအဖွဲလေးကို သံသရာအထိ နစ်မွန်းစေခဲ့တဲ့ ညစ်ပတ်မှု ဖြစ်ခဲ့ရတာပါ ။ ဒါ့ကြောင့် အမှန်ကို ရင်ဆိုင်ဖြေရှင်းဝံ့တဲ့သူကသာ သတ္တိရှိသူ ၊ အပြစ်ကို ဝန်ခံရဲတဲ့ ရိုးသားသူတွေသာ မာယာကင်းနိုင်တာကို မြင်နိုင်ပါတယ် ။အမှန်တော့ မိဖုရားကြီးက သူတော်ကောင်းပါ ဒါပေမဲ့ စုတေခါနီး ကာလမှာ သူပြုခဲ့တဲ့ကုသိုလ်တွေကို သတိမရတော့ဘဲ မင်းကြီးအပေါ် လှည့်စားမိတဲ့ မာယာအကုသိုလ်ကို နောင်တစိတ်နဲ့ သတိရမိခဲ့တာကြောင့် အဝိစိငရဲ ကျခဲ့ရပါတယ် ၊ အဲ့နောက်မှာ ကုသိုလ်စွမ်းကြောင့် နတ်ပြည်ရောက်ခဲ့ပါတယ် ။

ယခုလို အဖြစ်အပျက်တွေကို ကြည့်ပြီး မိန်းမတို့ကသာ မာယာများသူများလို့ စွပ်စွဲကြပါတယ် ။စင်စစ်ကတော့ မာယာဆိုတာ မိန်းမတွေရဲ့ လက်နက်မဟုတ် ၊ ပုထုဇဉ်တွေရဲ့ သဘာဝဘဲဖြစ်ပါတယ် ။ ကျား ၊ မ မရွေး ပုထုဇဉ်မှန်သမျှ မာယာရှိတတ်ကြသူတည်းပါ ။ ထို့အတူဘဲ ယောင်္ကျားတွေမှာလည်း မာယာရှိတာကို …

ဆက်လက်ဖတ်ရှုရန် ...

မြန်မာဆိုရိုးစကား# ၃

ငှက်ပျော ကဆုန် ၊ ဝါး နယုန် ။ငှက်ပျောပင်ကို ကဆုန်လတွင် စိုက်ပျိုးရသည်။ ဝါးပင်ကို နယုန်လတွင် စိုက်ပျိုးရသည် ။


ငှက်ပျောတစ်ခိုင် ၊ သားတစ်ထိုင် ။ငှက်ပျောခိုင် စထွက်ရာမှ ရင့်မှည့်သည်အထိ ကြာသောကာလသည် ကလေးမွေးစမှ ထိုင်နိုင်သည်အထိ ကာလနှင့် တူညီသည် ။



ငှက်မသိက ဆက်ရက်ကို ချိုးထင် ၊ အချက်မသိက သမက်ကို သူခိုးထင် ။ဆက်ရက်မှန်း မသိပါက ချိုးငှက်ကိုပင် ဆက်ရက်ဟု ထင်တတ်သည်။ သမက်လောင်းသည် သမီးနှင့်ချိန်း၍ တိတ်တဆိတ် တွေ့သည့်အချက်ကို မသိပါက သမက်လောင်းကိုပင် သူခိုးဟု ထင်တတ်သည်။



စကားအပေါင်းအုပ်သည် ကတိ ၊ တရားအပေါင်းချုပ်သည် သတိ ။ ။ စကားအရာတွင် ကတိသည် အချုပ်ဖြစ်သကဲ့သို့ တရားအရာတွင် သတိသည် အချုပ်ဖြစ်သည် ။



စကားအရာ အဂါင်္လေးတန်။ ။ စကားအရာ၌ သုဘာသိတ ၊ ပိယဝါစာ ၊ သစ္စာ ၊ ဓမ္မဟူ၍ အဂါင်္လေးပါး ရှိသည် ။ ( သုဘာသိတ - ပြေပြစ်စွာ ပြောခြင်း ၊ ပိယဝါစာ - ချစ်နှစ်သက်ဖွယ် ပြောခြင်း ၊ သစ္စာ - ဟုတ်တိုင်းမှန်ရာ ပြောခြင်း ၊ ဓမ္မ - တရားသဖြင့် ပြောခြင်း ။ )



စလယ်ဝင် ဖင်မမည်းခင်က ကွဲ ။ ။ လေးလေးနက်နက် မစဉ်းစားဘဲ အလျင်စလို အိမ်ထောင်ပြုလျှင် အချိန်တိုတိုအတွင်း လင်မယား ကွဲတတ်ကြသည် ။



စာတတ်ကို စာမှတ်ဖျက်သည် ။ ။ စာတတ်သူကို စာအနည်းငယ်မျှ ဖတ်မှတ်သိရှိသူက ပညာစမ်းလိုသည့်သဘောဖြင့် ကတ်သီးကတ်သတ် မေးမြန်းသည့်အခါ မဖြေနိုင်သည်လည်း ရှိတတ်သည် ။ ( ပညာဝန်အမော် ပုဂ္ဂိုလ်ကျော်ကို တစ်လုံးတစ်ပါဒ တစ်ဂါထာမျှကို သိသူ ပုဂ္ဂိုလ်တစ်ဦးဦးက စုံစမ်းမေးမြန်းလာလျှင် မေးမြန်းတိုင်း ဖြေဆိုနိုင်မည်မဟုတ်ပေ ၊ … ယင်းသို့ အဖြေမပေးနိုင်လျှင်ပင် … အထင်သေး၍သွားပေတော့မည် ။ ထို့ကြောင့် ရှေးသူဟောင်းတို့က စာတတ်ကို စာမှတ်ဖျက်သည် ဟု ဆိုရိုးပြုခဲ့ ကြသည် ။


ဆက်လက်ဖတ်ရှုရန် ...

ဂျင်းဂျက်ကတ်မှတ်စု # ၁

ယောင်္ကျားတို့၏ မာယာ ၉ ပါး ။


(၁) အမျိုး၏ဂုဏ်ကို ပြတတ်ခြင်း ။

(၂) ပညာ၏ဂုဏ်ကို ပြတတ်ခြင်း ။

(၃) ပစ္စည်း၏ဂုဏ်ကို ပြတတ်ခြင်း ။

(၄) ဝမ်းသာဝမ်းနည်းပြုတတ်ခြင်း ။

(၅) အစဉ်မပြတ်နောက်ယောင်ခံတတ်ခြင်း ။

(၆) အစားအသောက် လက်ဆောင်များပေးကမ်းခြင်း ။

(၇) မြှောက်ပင့်ချီးမွမ်းတတ်ခြင်း ။

(၈) အဝတ်အစားပြောင်းလဲတတ်ခြင်း ။

(၉) ကိုယ်ကာယ တောင့်တင်းကျန်းမာခြင်းကို ပြတတ်ခြင်း ။




သူတစ်ပါးအား မပြောအပ်သော အကြောင်းအရာ ၉ ပါး ။


(၁) အာယု=မိမိနေရအံ့သော အသက်အပိုင်းအခြား ။

(၂) ဝိတ္တ=မိမိပိုင် စည်းစိမ်ဥစ္စာ ရတနာဟူသမျှ ။

(၃) ဂေဟဆိဒ္ဓ=မိမိ၏ အိမ်၌ မလုံခြုံသောနေရာနှင့် အပြစ်အနာအဆာ ဟူသမျှ ။

(၄) မန္တ=လျှို့ဝှက်အပ်သော တိုင်ပင်ဆွေးနွေးမှုများ ။

(၅) မေထုန်=ကိုယ့်မယားအားသံဝါသမှုစပ်ယှက်ပုံ ၊ ပြုပုံနည်းနှင့် ပြုသောနေရာဌာန ။

(၆) ဘေသဇ္ဇနယ=ခက်ခဲစွာဖော်စပ်အပ်သော ဆေးစွမ်းကောင်းများ ။

(၇) တပ=မိမိ၏ ခြိုးခြံစွာသော အကျင့် ။

(၈) ဒါန=လှူဒါန်းပေးကမ်းခြင်း ။

(၉) အပမာဏ=မိမိအား သူတစ်ပါးတို့က ပမာမထား မလေးစားပုံ အခြင်းအရာ ။




မကိုးအပ်သည့် ၃ ပါး ။


(၁) မာန်ကို မကိုးအပ်။

(၂) အားကို မကိုးအပ် ။

(၃)စည်းစိမ်ကို မကိုးအပ် ။




မကျော်အပ်သည့် ၃ ပါး ။


(၁) ကျည်ပွေ့ကို မကျော်အပ် ။

(၂) အရှေ့ထရံကို မကျော်အပ် ။

(၃) သူတစ်ပါးဦးခေါင်းကို မကျော်အပ် ။




မခိုအပ်သည့် ၃ ပါး ။


(၁) မြတ်စွာဘုရားအရိပ်ကိုမခိုအပ် ။

(၂) သံဃာ့အရိပ်ကို မခိုအပ် ။

(၃) မိဘအရိပ်ကို မခိုအပ် ။




မမေးရာသည် ၃ ပါး ။


(၁) အိပ်ရာထကို မမေးရာ ။

(၂) ခရီးလာခိုက်ကို မမေးရာ ။

(၃) အမျက်ဒေါသနှင့် ပြင်းစွာ လာခိုက်ကို မမေးရာ ။




မရှက် ၃ ပါး ။


(၁) ကြိုက်နှစ်သက်၍ မရှက်ခြင်း ။

(၂) ငတ်မွတ်၍ မရှက်ခြင်း ။

(၃) အိပ်ငိုက်၍ မရှက်ခြင်း ။

ဆက်လက်ဖတ်ရှုရန် ...

အမှတ်တမဲ့ # ၅

ကွန်ပျူတာ သုံးစွဲတာကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေက ခုလတ်တလောမှာ မသိသာပေမဲ့လည်း ရေရှည်မှာ ကျန်းမာရေးအတွက် အရမ်းကို ထိခိုက်ပျက်စီးစေပါတယ် ။ မိတ်ဆွေကိုယ်တိုင် အောက်ပါအချက်တွေကို လက်ခံလို့ လိုက်နာခဲ့ရင်တောင် မိတ်ဆွေရဲ့ ခင်မင်သူတွေကို လုပ်ဆောင်ဖို့ တိုက်တွန်းပေးပါ ။
မြန်မာစကားပုံ ရှိပါတယ် ။ … ကြာကြာဝါးမည့်သွား အရိုးကြည့်ရှောင် … တဲ့ ။။။

















ဆက်လက်ဖတ်ရှုရန် ...

အမှတ်တမဲ့ # ၎

လူသားတို့၏ မြင့်မြတ်သော စံပြစိတ်ဓာတ်


ကမ္ဘာ့သမိုင်းမှာ မိခင်အုပ်စိုးတဲ့ ခေတ်တစ်ခေတ်ရှိခဲ့ဖူးပါတယ် ။ မိခင်တွေ အုပ်စိုးနေတာမို့ ခေါင်းဆောင်တွေကလည်း အမျိုးသမီးတွေသာဖြစ်ခဲ့ပါတယ် ။ အဲ့ခေတ်မှာ ယောကျာင်္းတွေက အမဲလိုက်တဲ့ လုပ်ငန်းကိုတစ်ချိန်လုံးလုပ်နေကြတာမို့ ဆွေမျိုးစုတွေအတွက် အစစအရာရာလုံလောက်အောင် အချိန်မပေးနိုင်ခဲ့ပါဘူး ။ ဒါ့ကြောင့် အမျိုးသမီးတွေက သီးနှံတွေကို စိုက်တယ် ၊ တိရစ္ဆာန်တွေကို ယဉ်ပါးအောင် မွေးမြူတယ် ၊ စားစရာနဲ့ လူ့အသုံးအဆောင်တွေကိုလည်း ထုတ်ပေးတဲ့အပြင် အိမ်ထောင်စုအတွင်းမှာလည်း စီမံခန့်ခွဲမှုတွေကို ဒီအမျိုးသမီးတွေကသာ ဦးဆောင်ခဲ့ကြပါတယ် ။
မြန်မာကျေးလက်ဒေသတွေ အပြင် မြောက်အမေရိကတိုက်က အင်ဒီးယန်းလူမျိုးတွေနဲ့ အက်စ်ကီမိုးလူမျိုးတွေက လက်ထပ်ပြီးရင် သတို့သားက သတို့သမီးအိမ်ကိုသွားနေကြရပါတယ် ။ ဤအလေ့အထက အမျိုးသမီးတွေ သြဇာလွှမ်းမိုးနေတဲ့ခေတ်မှာ ဖြစ်ခဲ့တာပါ ။ မြောက်အာဖရိကတိုက်က အီရိုကွိ လူမျိုးတွေမှာလည်း မိခင်ကြီးတစ်ဦးက ဦးစီးပြီး အိမ်ရှည်ကြီးတစ်ခုမှာ စုပေါင်းနေထိုင်ခဲ့ဖူးပါတယ် ။ ဒီလိုနေကြရာမှာ အုပ်ချုပ်တဲ့မိခင်ရဲ့ သြဇာကို မနာခံတဲ့အမျိုးသားတွေက အဲ့အုပ်စုကနေ အပြီးအပိုင် ထွက်သွားကြရပါတယ် ။ နယူးမက္ကဆီကိုမှာရှိတဲ့ ပွေဘလိုအင်ဒီးယန်းလူမျိုးတွေကလည်း အိမ်ထောင်ပြုပြီးတာနဲ့ သတို့သမီးအိမ်ကိုသွားနေ ၊ ယောက္ခမက သားမက်ကို ပထမဆုံးမြေးမရမချင်း သူစိမ်းလိုဆက်ဆံခဲ့ကြပါတယ် ။ အလားတူ စနစ်တွေကို မက္ကဆီကို ၊ ပီရူး ၊ အာဖရိကက ဘုရှ်မင်းလူမျိုး ၊ ဘာဆူတိုလူမျိုး ၊ ဘာရိုလွန်လူမျိုး ၊ အာဖရိကအရှေ့ပိုင်း ဒေသတွေမှာနေကြတဲ့ မာရော့ဆီလူမျိုး ၊ ယာတိုလူမျိုး ၊ အန်ဟန်ဟာလူမျိုး ၊ ကွမ်ဘူကာလူမျိုး ၊ မိုဆူတိုလူမျိုးတွေနဲ့ ကွန်ဂိုတောနက်ကြီးထဲက ပစ်ဂမီလူမျိုးတွေကလည်း မိခင်အုပ်စိုးတဲ့ စနစ်ကို သမားရိုးကျ ကျင့်သုံးခဲ့ကြပါတယ် ။
ဆာဟာရသဲကန္တာရ တောင်ပိုင်းဒေသတွေမှာလည်း အတ္တလန်တိတ်ကမ်းခြေကနေ နိုင်းမြစ်ဝှမ်းအထိ မိခင်အုပ်စိုးတဲ့စနစ်ပေါ်မှာသာ အခြေခံနေထိုင်ခဲ့ပါတယ် ။ ဆာဟာရဒေသက ထဲကိုရောက်သွားတဲ့ ခရီးသည်တစ်ဦးက … ဤအရပ်တွင် ကိစ္စအားလုံးအတွက် မိခင်နွယ်ဖွား မိန်းမသားတို့၏ နှုတ်မှထွက်သော စကားများသည် ဥပဒေများသာ ဖြစ်ချေသည် … ဟု မှတ်တမ်းရေးသားသွားခဲ့ပါတယ် ။ အဲ လူမျိုးတွေကို ဂရိလူမျိုးတွေက … လစ်ဗျားလူမျိုး … များလို့ ခေါ်ဝေါ်ခဲ့ကြပါတယ် ။ လစ်ဗျားလူမျိုးအနွယ်ဝင်တွေရဲ့ ရှေးဟောင်းစာပေနဲ့ ယဉ်ကျေးမှုဗဟုသုတတွေကို အစဉ်အဆက် ထိန်းသိမ်းလာခဲ့ကြတာကတော့ မိန်းမသားများပင် ဖြစ်ပါတယ် ။
မလေးရှားကျွန်းဆွယ်ကလူမျိုးတွေမှာလည်း ယနေ့ထိ မိခင်အုပ်စိုးတဲ့စနစ်ကို ဦးစားပေးလက်ခံနေကြဆဲ ဖြစ်ပါတယ် ။ တရုတ်ပြည် မင် မင်းဆက်ကာလမှာ တရုတ်ခရီးသည်တွေရဲ့မှတ်တမ်းမှာ ဆူမတြားကျွန်းက မလေးအနွယ်တွေကလည်း မိခင်အုပ်စိုးတဲ့ စနစ်ကိုကျင့်သုံးခဲ့ကြကြောင်း ရေးသားထားခဲ့ပါသေးတယ် ။ မှတ်တမ်းရှင်တစ်ဦးက မလေးအနွယ်တွေက အိမ်တန်းရှည်ကြီးတွေကိုဆောက်တယ် ၊ ပြီးရင် မိသားစုတွေကို မိခင်ကြီးက အုပ်စိုးကြောင်းမှတ်တမ်းတင်ထားပါသေးတယ် ။ မလေးဘာသာနဲ့က … ဆာမိုင်ဒိုင် … လို့ခေါ်ပါတယ် ။ အိန္ဒိယနိုင်ငံ အာသံတောင်တန်းက လူမျိုးတွေကလည်း လူသေအလောင်းတွေကို မြုပ်နှံရာမှာ အမျိုးသမီးအထိမ်းအမှတ် လက်ဝါးကပ်တိုင်တွေကို စိုက်ထူကြပါသေးတယ် ။ မဟာရီ လူမျိုးတွေပါ … မိခင်ဘဝ … လို့ အဓိပ္ပာယ် ရပါတယ် ။
မိခင်အုပ်စိုးတဲ့စနစ်နဲ့ ပတ်သက်ပြီး အချို့သောပုဂ္ဂိုလ်တွေက မိခင်အုပ်စိုးတဲ့စနစ်မှာ ပါဏဗေဒ သဘောအရ မိန်းမသား ( ခေါ် ) အမတွေက ဝပ်ကျင်းရှာဖွေရတဲ့ အလေ့သာလျှင်ဖြစ်တယ်လို့ ဆိုခဲ့ကြပါတယ် ။ တိရစ္ဆာန်တွေမှာ လိင်ကိစ္စက အဖိုရောအမပါ အကျုံးဝင်ပေမဲ့လည်း အမ ကသာ ဝပ်ကျင်းရှာရပါတယ် ။
မြန်မာလူမျိုးတွေမှာလည်း မိခင်အုပ်စိုးတဲ့ စနစ်ကို အိမ်ထောင်ရေး ကိစ္စတွေမှာ တွေ့နိုင်ပါတယ် ။ သတို့သားနဲ့သတို့သမီးလက်ထပ်ပြီးရင် သတို့သားက သတို့သမီးအိမ်ကို လိုက်သွားရပါတယ် ။ ထိုအချိန်က စပြီး သတို့သားကိုသတို့သမီးရဲ့ မိသားစုဘက်က လုံးဝပိုင်ဆိုင်သွားပါတော့တယ် ။ သတို့သားရဲ့ ဝင်ငွေတွေကိုလည်း သတို့သမီးရဲ့မိသားစုလက်ကိုအပ်ရပြီး မိမိရဲ့မိသားစုက အဖျား ၊ သတို့သမီးရဲ့မိသားစုက အရင်း ဖြစ်သွားပါတယ် ။ ဒီဓလေ့ကို ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးစုတွေထဲမှာ လက်ခံကျင့်သုံးနေကြဆဲပါ ။ ဤဓလေ့ထုံးစံတွေဆိုတာ တစ်ကြိမ်တစ်ခါက လူ့သမိုင်းမှာ မိခင်တွေအုပ်စိုးတဲ့ခေတ်က အတိအကျရှိခဲ့ဖူးတဲ့ သာဓကတွေပါ … အဓိက လက္ခဏာရပ်ကတော့ အဲ့ခေတ်မှာ … အေးချမ်းခြင်းနဲ့ စည်းလုံး ညီညွတ်ခြင်း … ဘဲ ဖြစ်ပါတယ် ။မိခင်စိတ်ဓာတ်ကသာ လူ့ဘောင် ဆက်ဆံရေးသမိုင်းမှာ စည်းစည်းလုံးလုံးရှိစေမူ အခြေခံတရားဖြစ်ပါတယ် ။
မိခင်နဲ့သားသမီးဆက်ဆံရေးက မိသားစုစိတ်ဓာတ်ကို ဖြစ်ပေါ်စေပါတယ် ။ မိသားစုစိတ်ဓာတ်ကနေ ကိုယ့်လူမျိုးကိုချစ်တဲ့စိတ် မွေးဖွားပေးပြီး ယဉ်ကျေးမှုက ထိုမိခင်စိတ်ဓာတ် ၊ မိခင်စရိုက်လက္ခဏာတွေက ပေါ်ပေါက်လာပါတော့တယ် ။ မိခင်စိတ်က စည်းလုံးခြင်းနဲ့ အေးချမ်းခြင်းကို ထာဝရဦးတည်တယ် ၊ ငြိမ်းချမ်းခြင်းအတွက်လည်း အခြေခံစိတ်ဓာတ်တစ်ခုလို့ ဆိုရင်ရပါတယ် ။ အချို့သော သိပ္ပံပညာရှင်တွေ ၊ စိတ်ပညာရှင်တွေနဲ့ မနုဿဗေဒ ပညာရှင်တွေက မိခင်စိတ်ဆိုတာ မြင့်မြတ်သောလူသားတို့၏ စံပြစိတ်ဓာတ်လို့ လက်ခံထားကြပါတယ် ။။။

ဆက်လက်ဖတ်ရှုရန် ...

မြန်မာဆိုရိုးစကား # ၂

အဆီစားလို့ အသားမဖြစ် ။ ။ အချို့သောသူများသည် အဆီအဆိမ့် မည်မျှပင် စားစေကာမူ ဝဖြိုးလာခြင်းမရှိပေ ။ ကြက်ကိုယ် ၊ ကြောင်ကိုယ်ကဲ့သို့ ခန္ဓာကိုယ် အမြဲပူနေ၍ အတွင်းငုပ်နေသူများမှာ အဆီစားသော်လည်း အတွင်းငုပ်နေသဖြင့် ဘယ်လောက်ပင်စားစား အသားမဖြစ်ပဲ ပို၍သာပိန်လာလေသည် ။




အဆင်မတတ်လျှင် ဆန်းလျှက်နှင့်မလှ ၊ အငင်မတတ်လျှင် ပန်းလျှက်နှင့်မရ ။ ။ ဆန်းပြားသော အရာပင်ဖြစ်သော်လည်း အဆင်အပြင်မတတ်လျှင် မလှမပ မတင့်မတယ် ဖြစ်တတ်သည် ။ မိမိ လိုချင်သည့် အရာကို ရအောင် အားမထုတ်တတ်ပါက ပင်ပန်းရကျိုးမနပ် ဖြစ်တတ်သည် ။




အနက်မသန် အဘိဓာန် ။ ။ ဝေါဟာရ၏အနက်ကို မသိလျှင် အဘိဓာန်ကို ကြည့်သင့်သည် ။




အပွေးမြင် အပင်သိ ၊ အသွေးမြင် အသွင်သိ ။ ။ အပွေးအခေါက် မြင်ရုံဖြင့် မည်သည့်အပင် ဖြစ်ကြောင်း သိနိုင်သကဲ့သို့ အရည်အသွေးကို မြင်ရုံဖြင့် မျိုးရိုးအဆင့်အတန်း သဘောလက္ခဏာကို ခန့်မှန်းနိုင်သည် ။




အမိယုတ် နှုတ်ကြမ်း ၊ အဖယုတ် လက်ကြမ်း ။ ။ မိခင်အမူအကျင့် မကောင်းလျှင် သားသမီးတို့ နှုတ်အမူအရာ ကြမ်းတမ်းသည် ။ ဖခင်အမူအကျင့် မကောင်းလျှင် သားသမီးတို့ ကိုယ်အမူအရာ ကြမ်းတမ်းသည် ။




အမျိုးနည်းလျှင် မကျယ်နှင့် ၊ အဖိုးနည်းလျှင် မဝယ်နှင့် ။ ။ ဆွေမျိုးနည်းပါးလျှင် လူတွင်ကျယ်မလုပ်ပါနှင့် ၊ တန်ရာတန်ဖိုးအောက် နည်းလွန်းသော ပစ္စည်းမျိုးကိုလည်း မဝယ်ပါနှင့် ။




အမြင်နိမိတ် ၊ အတိတ်လက်ဆောင် ၊ အသံတဘောင် ။ ။ မြင်တွေ့ရသော အရာကို နိမိတ်အဖြစ် ကောက်ယူသည် ။ ရရှိလာသော လက်ဆောင်ကို အတိတ်အဖြစ်ကောက်ယူသည် ။ ကြားရသော အသံကို တဘောင်အဖြစ် ကောက်ယူသည် ။




အရာကောင်းလျှင် တစ်ချက် ၊ အနေကောင်းလျှင် တစ်သက် ။ ။ အခွင့်ကောင်းနှင့် ကြုံတွေ့ရလျှင် တစ်ချက်တည်းနှင့် အောင်မြင်မှု ရနိုင်သည် ။ တည်ရာမှီရာ၊ အရပ်အနေကောင်းလျှင် တစ်သက်လုံး ကောင်းစားမည် ။

ဆက်လက်ဖတ်ရှုရန် ...

အမှတ်တမဲ့# ၃


အရက်ဖြစ်ပေါ်လာပုံကို ဖောက်သည်ချရရင် ထုံးစံအတိုင်း ဟိုးရှေ့ရှေ့တုန်းကပေါ့ သုရာဆိုတဲ့မုဆိုးတစ်ယောက်က သားကောင်ရှာထွက်ရင်း သစ်ပင်တစ်ပင်အောက်မှာ အနားယူခဲ့ပါတယ် အဲ့သစ်ပင်ရဲ့ အလယ်မှာ ခက်မသုံးခုဖြာထွက်နေပြီးတော့ အလယ်မှာ အိုးကြီးတစ်လုံးစာလောက် သစ်ခေါင်းကြီးလည်းဖြစ်နေပါတယ် မိုးတွင်းဆိုရင် သစ်ခေါင်းထဲမှာ မိုးရေတွေပြည့်နေတတ်ပါတယ် အဲ့သစ်ပင်ဘေးမှာ သဖန်းခါးပင် သျှိသျှားပင် စတဲ့အပင်တွေကလည်း သစ်ပင်ကြီးကို နွယ်တက်နေပါတယ် ဒီတော့ ဒီသစ်ပင်တွေရဲ့ အသီးတွေဟာ သစ်ခေါင်းကြီးထဲကို အလိုအလျောက် ကြွေကျပြီးသား ဖြစ်နေပါတယ် နောက် သစ်ပင်ကြီးရဲ့ ဝန်းကျင်မှာ သလေးစပါးပင်တွေလည်း ရှိနေတာဆိုတော့ ငှက်တွေက သလေးစပါးတွေချီလာပြီး သစ်ကိုင်းတွေပေါ်မှာနားရင်း သလေးစပါးတွေ သစ်ခေါင်းကြီးထဲ ပြုတ်ကျကုန်ပြန်ပါတယ် ဒီလိုနဲ့ နွေရောက်လာတဲ့အခါကျတော့ နေနဲ့ချက်သလို ဖြစ်ပြီး အရောင်ကလည်း အနီရောင်ဖြစ်ကုန်တော့တာပါဘဲ

ငှက်တွေက အဲဒီသစ်ခေါင်းထဲက သဘာဝစိမ်ရည်တွေသောက်ပြီး သစ်ပင်ရင်းပြုတ်ကျ အတန်ငယ် အိပ်ပျော်ပြီးမှ မြူးမြူးထူးထူးနဲ့ ထပျံတတ်ကြပါတယ် ဒီ သစ်ပင်နဲ့ ဒီငှက်တွေနဲ့ ဒီဖြစ်စဉ်တွေက ဒီနေရာမှာ အစဉ်သဖြင့် ဖြစ်နေကြတာပါ

သုရာဆိုတဲ့မုဆိုး ရောက်လာတော့လည်း ဒီဖြစ်စဉ်က သူ့သဘာဝအတိုင်း ဖြစ်နေတုန်းပါ ။ သုရာဆိုတဲ့မုဆိုးက ငှက်တွေပြုတ်ကျပြီး ပြန်ထပျံတာတွေ့ရတော့ … ဒါအဆိပ်တော့မဖြစ်နိုင်ဘူး ၊ သောက်ကြည့်ဦးမှပဲ … ဆိုပြီး သောက်ကြည့်ပါတယ် ။ သုရာလည်း ငှက်တွေနည်းတူ မူးယစ်ပြီးအိပ်ပျော်သွားပါတယ် ။ သူ့အတွက် ပိုပြီးအဆင်ပြေနေတာက သစ်ပင်ရင်းပြုတ်ကျလာတဲ့ငှက်တွေက သူ့ရဲ့အမြည်းဖြစ်ကုန်တာပါပဲ ။ သုရာ ဆိုတဲ့မုဆိုးဟာ သစ်ပင်ရင်းမှာပဲ ဒီပုံစံနဲ့ ဇိမ်ကျနေတာကနေ ဒီနေ့အထိ သုရာဆိုတဲ့ အမည်နဲ့ တွင်ကျန်ရစ်နေပါတယ် ။

ဒီလိုနဲ့မုဆိုးက မြို့တက်ပြီးတော့ သဘာဝစိမ်ရည်တွေကို သူတို့ ဘုရင်မင်းမြတ်ဆီ ဆက်ကပ်ရာကနေ ဘုရင်လည်း သဘောကျသွားပြီးတော့ နောက်ဆုံးမှာ မင်းနဲ့ပြည်သူတွေ သုရာဆိုတဲ့အရက် စွဲကုန်ပြီး တစ်တိုင်းပြည်လုံး ဆင်းရဲသွားပါတော့တယ် ။ ဒီလိုနဲ့ နောက်ပိုင်းမှာ ဘုရင်ရဲ့ခွင့်ပြုချက်နဲ့ သစ်ခေါက်သစ်မြစ် ၊ သလေးစပါး ၊ မုံ့ညက်တွေ သုံးပြီး အရက်ချက်ကြပါတယ် ။ ဒီချက်ထားတဲ့ အိုးတွေကို ကြွက်တွေလာမသောက်နိုင်အောင်ဆိုပြီး ကြောင်တွေကို ကြိုးချည်ပြီး စောင့်ခိုင်းထားလိုက်ပါတယ် ။

အရက်တွေဆူဝေလာတော့ ယိုစီးလာတာကို ကြောင်တွေက သောက်ပြီး အိပ်ပျော်ကုန်တာကို သေကုန်ပြီအထင်နဲ့ မုဆိုးချက်တာတွေက အဆိပ်တွေ ဖြစ်ရမယ်ဆိုပြီး ဘုရင်ကိုလျှောက်တော့ ဘုရင်ကသတ်ခိုင်းလိုက်တာနဲ့ မုဆိုးလည်းသေရော ကြောင်တွေက အိပ်ပျော်လာရာကနေ နိုးလာပါတော့တယ် ။ ဒီတော့ ဘုရင်က … ဒါ အလွန်ချိုမြိန်တဲ့ အရာတွေပဲဆိုပြီး မဏ္ဏပ်တွေ ၊ ရာဇပလ္လင်တွေ ၊ ထီးဖြူတွေနဲ့သောက်ဖို့ ပြင်ဆင်တာကို သိကြာမင်းက တွေ့တော့ … မဖြစ်ချေဘူး ငါသွားတားမှ … ဆိုပြီး ပုဏ္ဏားယောင်ဆောင် ၊ အရက်တစ်အိုးကို လက်ကကိုင် ဘုရင့်ဆီ အရက်သွားရောင်းပါတယ် ။ ဘယ်လိုရောင်းခဲ့သလဲဆိုတော့ … အရှင်မင်းကြီး ဒီအရက်အိုးကို ဝယ်တော်မူပါ …

… ဒီအရက်က ထောပတ်လည်းမဟုတ်ပါ ၊ တင်လဲမဟုတ်ပါ ၊ ပျားရည်လည်း မဟုတ်ပါ ၊ ဒါကိုသောက်ရင်

၁ ။ လမ်းသွားတိုင်းယိမ်းယိုင်လဲကျတတ်ပါတယ် ။

၂ ။ မစားသင့်တဲ့အစာကိုလည်းစားမိပါတယ် ။

၃ ။ စိတ်အစိုးရဖြစ်တတ်ပါတယ် ။

၎ ။ ကိုးကွယ်ရာမရှိသူလို ဟိုဟိုဒီဒီသွားလာတတ်ပါတယ် ။

၅ ။ သီချင်းလည်းအော်ဆိုတတ်ပါတယ် ။ က , လည်းကတတ်ပါတယ် ။

၆ ။ တက္ကတွန်းလို အဝတ်မဝတ်ဘဲသွားလာတတ်ပါတယ် ။

၇ ။ တွေတွေဝေဝေနဲ့ အကြာကြီးလည်း အိပ်တတ်ပါတယ် ။

၈ ။ လက်တုန်ခြေတုန် ဖြစ်တတ်ပါတယ် ။

၉ ။ မီးလောင်သလို ပူပူလောင်လောင်နဲ့ အိပ်ရတတ်ပါတယ် ။

၁၀ ။ သူတစ်ပါးတို့ရဲ့ ထိုးကြိတ်ခြင်းကိုလည်း ခံရတတ်ပါတယ် ။

၁၁ ။ လူအများရှေ့မှာလည်း မပြောသင့်တဲ့စကားကိုလည်း ပြောတတ်ပါတယ် ။

၁၂ ။ ကိုယ့်အန်ဖတ်တွေနဲ့ကိုယ် အိပ်ရတတ်ပါတယ် ။

၁၃ ။ ငါ့လောက်မိုက်တဲ့သူ မရှိဘူးလို့လည်း ကြွေးကြော်တတ်ပါတယ် ။

၁၄ ။ မျက်စိတွေလည်း နီလာတတ်ပါတယ် ။

၁၅ ။ လိုအပ်တာထက်ပိုပြီး မာန်တက်တတ်ပါတယ် ။

၁၆ ။ ငြင်းလည်းငြင်းခုံတတ်ပါတယ် ။

၁၇ ။ ရုပ်ရည်အဆင်းတွေလည်း တဖြည်းဖြည်းလျော့လျော့လာပြီး အိုလွယ်တတ်ပါတယ် ။

၁၈ ။ သူခိုးတွေရဲ့နေရာဒေသကိုလည်း ရောက်တတ်ပါတယ် ။

၁၉ ။ စည်းစိမ်ဥစ္စာတွေလည်း ကုန်တတ်ပါတယ် ။

၂၀ ။ မိဘ ၊ ယောက္ခမ စသည်ကိုလည်း ဆဲရေးမိတတ်ပါတယ် ။

၂၁ ။ ချွေးမစသည်ကိုလည်း မှားယွင်းပြီး ကိလေသာဖြစ်တတ်ပါတယ် ။

၂၂ ။ မိန်းမရဲ့ ဆဲရေးခြင်းကိုလည်း ခံရတတ်ပါတယ် ။

၂၃ ။ ရဟန်း ၊ ပုဏ္ဏား စသည်တို့ကိုလည်း ရိုက်ပုတ်မိတတ်ပါတယ် ။

၂၄ ။ ငွေပေးပြီး မဟုတ်မမှန်ထွက်ဆိုဖို့ သက်သေလိုက်ခိုင်းခံရတတ်ပါတယ် ။

၂၅ ။ တစ်ခုခုခိုင်းလိုက်ရင်လည်း လေးဖင့်နေတတ်ပါတယ် ။

၂၆ ။ မြေကြီးပေါ်မှာလည်း အိပ်တတ်ပါတယ် ။။

အရှင်မင်းကြီး ကျွန်ုပ်လက်ထဲမှာရှိတဲ့အရက်က အဲဒီလိုစွမ်းအင်တွေ ရှိပါတယ် ဝယ်တော်မူပါ … လို့လျှောက်လိုက်တော့ သတိတွေပြန်ဝင်လာပြီး အရက်အိုးအားလုံးကို ရိုက်ခွဲခိုင်းလိုက်ပါတော့တယ် ။

အရက်မသောက်ဘဲနေတာဟာ ကိုယ်တစ်ယောက်ထဲတင် အကျိုးရှိတာ မဟုတ်ပါဘူး ၊ ကိုယ့်မိသားစု ၊ ကိုယ့်ပတ်ဝန်းကျင် ၊ ကိုယ့်နိုင်ငံအတွက်ပါ အကျိုးရှိတာပါ ။ ကျွန်တော်တို့တွေ မကောင်းတာတစ်ခု ပြုတော့မယ်ဆိုရင် ကိုယ့်အမျိုး ၊ ကိုယ့်အရွယ် ၊ ကိုယ့်ပညာ ၊ ကိုယ့်ရာထူးလေးကို သတိရလိုက်ရင် အလိုလိုတန့်သွားမှာပါ ။ လူငယ်တစ်ယောက်က တိုင်းပြည်နဲ့လူမျိုးကို တကယ်ချစ်တယ် ၊ တိုင်းပြည်နဲ့ လူမျိုးရဲ့အကျိုးကို ဆောင်ရွက်ချင်တဲ့စိတ် တကယ်ရှိတယ်ဆိုရင် အသက်တိုမယ့် ကိစ္စတွေကို ငယ်ငယ်ကတည်းက ရှောင်ရှားသင့်ပါတယ် ။

  • အရက်တစ်မျိုးမျိုးဖြစ်မယ် ၊
  • သောက်စားလိုတဲ့စိတ်ရှိမယ် ၊
  • သောက်လိုက်မယ် ၊
  • မူးယစ်သွားပြီဆိုရင်တော့ ။။။

ဆက်လက်ဖတ်ရှုရန် ...

သြဝါဒ # ၁

When wealth is lost ,

Nothing is lost .



When health is lost ,

Something is lost ,



When character is lost ,

All is lost .

_ The saying of the wise





ပစ္စည်းဥစ္စာဆုံးရှုံးတယ်ဆိုတာ

ဘာတစ်ခုမျှဆုံးရှုံးတာ မဟုတ်ပါဘူး ။

ကျန်းမာရေးချို့ယွင်းတယ်ဆိုတာကတော့

ဆုံးရှုံးတာတစ်ခုပေါ့ ။

အကျင့်သိက္ခာမကောင်းတာကတော့

သွားပြီ ။။။
_ ပညာရှိစကား








ဆက်လက်ဖတ်ရှုရန် ...

အမှတ်တမဲ့ # ၂

ရေချိုးကန်ထဲမှာ ရေချိုးရင်း အာခီမိဒိ တွေ့ရှိခဲ့တဲ့ မဟာ တွေ့ရှိချက် ဆိုတာ ဘာများပါလိမ့် ။


အာခီမိဒိ ကို ဘီစီ ၂၈၇ မှာ ဖွားမြင်ခဲ့ပါတယ် ။ သူက သချာင်္နဲ့သိပံပညာရှင်တစ်ဦး ဖြစ်ပါတယ် ။ အာခီမိဒိနိယာမလို့ ကျော်ကြားလှတဲ့ သူ့ရဲ့တွေ့ရှိချက်တွေကြောင့် သူ့ကို မေ့မရနိုင်ဘဲ သတိတရဖြစ်နေကြတာပါ ။ အလေးချိန်ရှိတဲ့ အရာဝတ္ထုတွေကို အရည်ထဲနှစ်လိုက်တဲ့အခါမှာ လျော့သွားတဲ့ အလေးချိန်က အဲ့ဒီအရာဝတ္ထုတွေကနေ ဖယ်ထုတ်လိုက်တဲ့ အရည်ရဲ့ အလေးချိန်နဲ့ တူပါတယ် ။
အာခီမိဒိက ရေကန်ထဲမှာ ရေချိုးနေတုန်း ဒီလိုစတင်တွေးဆ သိရှိလိုက်တာပါ ။ အဲလို သိလိုက်တဲ့အချိန်မှာ သူက အလွန်ကို စိတ်လှုပ်ရှားသွားခဲ့ပါတယ် ။ ဒါကြောင့် ရေချိုးကန်ထဲမှာ ဝတ်လစ်စလစ်ရေချိုးနေတဲ့ ပညာရှင်ကြီး အာခီမိဒိက လမ်းပေါ်မှာ ပြေးထွက်ပြီးတော့ … ငါသိပြီဟေ့ ၊ ငါတွေ့ပြီဟေ့ … ဆိုပြီး ဟစ်ကြွေးနေခဲ့တယ်ဆိုလားပဲ ။





ဒိုင်းနမိုက် ယမ်းဘီလူးကို တီထွင်ပြီး သူ့ပိုက်ဆံတွေကို ငြိမ်းချမ်းရေးအတွက် သုံးဖို့ထားခဲ့တာ ဘယ်သူလဲ ။


ဆွီဒင်ဓာတုဗေဒပညာရှင် အဲလ်ဖရက်နိုဘယ်က ၁၈၆၇ ခုနှစ်တုန်းက ယမ်းဘီလူးကို တီထွင်ခဲ့ပါတယ် ။ ၁၈၇၅ ခုနှစ်မှာ ဂျဲလင်နိုက် ကို တီထွင်ခဲ့ပါတယ် ။
သူ့ရဲ့ အစောပိုင်းကာလတုန်းက ဓာတ်ခွဲခန်းမှာ စမ်းသပ်နေတုန်း ပေါက်ကွဲမှုဖြစ်လို့ သူ့ညီငယ်တစ်ဦးနဲ့ အလုပ်သမားလေးဦး သေဆုံးခဲ့ကြပါတယ်။ ကုန်ထုတ်လုပ်ငန်းတွေမှာသုံးဖို့ ဖောက်ခွဲရေး ပစ္စည်းကိုတီထွင် ရောင်းချပြီးတော့ သူက ဧရာမငွေတွေ အမြောက်အမြားရအောင် ဖန်တီးနိုင်ခဲ့ပါတယ် ။ နိုဘယ်ဆုလို့ ခေါ်တဲ့ ဆုကို နှစ်စဉ်ဆုချပြီး ငွေတွေ အမြောက်အများပါ ဆုချနိုင်အောင် သူ့ကိုယ်ပိုင် ငွေတွေကို ချန်ရစ်ထားခဲ့ပါတယ် ။ နိုဘယ်ဆုအနေနဲ့ ရူပဗေဒ ၊ ဓာတုဗေဒ ၊ စီးပွားရေး ၊ လူမှုရေး ၊ ဆေးပညာ ၊ စာပေ နဲ့ ငြိမ်းချမ်ရေးတွေမှာ ထွန်းတောက် အောင်မြင်အောင် စွမ်းဆောင်နိုင်သူတွေ အတွက် နှစ်စဉ် ချီးမြှင့်ပေးပါတယ် ။





ချောကလက်ဆိုတာ ဘယ်နယ်ကလာတာလဲ ။


ချောကလက်လုပ်တဲ့ အဓိကကုန်ကြမ်းက ကိုကိုးပင်ကသီးတဲ့ ကိုကိုးစေ့လေးတွေ ဖြစ်ပါတယ် ။ ကိုကိုးသီးက ဖရဲသီး အသေးစားလေးတွေလိုပါပဲ ။ အသီးတစ်ခုမှာ အစေ့ ၄၀ ပတ်ဝန်းကျင် ပါရှိပါတယ် ။ သူတို့ကို အခြောက်လှန်း ၊ မီးကင်ပြီးတော့ အမှုန့်ဖြစ်အောင် ထောင်းပေးရပါတယ် ။ The Aztecs အဲဇက်ထဲခ်စ် လူမျိုးတွေက အရသာမရှိတဲ့ မချိုတဲ့ ချောကလက်အရည်တွေကို သောက်ကြပါတယ် ။ ဝိုင်နဲ့ မွှေးမြတဲ့ ငရုတ်ကောင်းချိုတွေကို ရောစပ်ပြီးတော့ တစ်ခါတစ်ရံမှာ သောက်ကြပြီး ၁၉ ရာစု အလယ်လောက်ရောက်တော့ ကိုကိုးမှုန့် ၊ ကိုကိုးထောပတ် ၊ သကြားနဲ့ နွားနို့တွေကို ရောစပ်ပြီး ဥရောပတိုက်မှာ ချောကလက်တောင့်တွေ ထုတ်လုပ်ခဲ့ကြပါတယ် ။





ဧဝရတ်တောင်ပေါ်ကို ဘယ်သူတွေ စတက်ခဲ့သလဲ ။


ကမ္ဘာပေါ်မှာပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ဆုံးတောင်ဟာ ဧဝရတ်တောင်ဖြစ်ပါတယ် ။ ဟိမဝန္တာတောင်တန်းရဲ့ တောင်ထွဋ်ဖြစ်ပါတယ် ။ အဲဒီတောင်က ၈၈၄၉ မီတာ ( ၂၉၀၃၀ ) ပေမြင့်ပါတယ် ။ တောင်ထိပ်မှာရှိတဲ့ ရေခဲတွေ အရည်ပျော်တာ ခဲတာပေါ် မူတည်ပြီး အတိုင်းအတာအနည်းငယ်တော့ ကွားခြားမှာပါ ။ ၁၉၅၃ ခုနှစ်မှာ ဆာအက်ဒမန် ဟီလာရီ ၊ ရှာပါ နဲ့ တဲဆင်းနော်ဂေး တို့က ပထမဆုံး အဲဒီတောင်ပေါ်ကို တက်ရောက်ခဲ့သူတွေ ဖြစ်ခဲ့ပါတယ် ။ သူတို့က တောင်ပေါ်မှာ ဗြိတိန် ၊ နီပေါ ၊ အိန္ဒိယနဲ့ ကုလသမဂ္ဂ အလံတွေကို စိုက်ထူထားခဲ့ကြပါတယ် ။

ဆက်လက်ဖတ်ရှုရန် ...

မြန်မာဆိုရိုးစကားများ # ၁

ကျွေးတုံ့ကျွေးလှည့် ၊ မွေးတုံ့မွေးလှည့် ။


မိဘသည် သားသမီးကို ကျွေးမွေးပြုစုရသကဲ့သို့ သားသမီးက မိဘကို အတုံ့အလှည့် ပြန်လည်လုပ်ကျွေးပြုစုရသည် ။ မိဘနှင့်သားသမီးတို့သည် အတုံ့အလှည့်ရှိကြလေရာ မိဘတို့က လုပ်ကျွေးပြုစုရ၍ သားသမီးတို့က မပြုစုဘဲ လျစ်လျူရှု၍နေလျှင် ဝတ္တရားပျက်စီး၏ ။



ခါးပုံတင် လူယဉ် ၊ ခါးပုံထိုး လူရိုး ၊ ခါးတောင်းကျိုက် လူမိုက် ။

မြန်မာဇာတ်သဘင် ၊ ရုပ်သေးသဘင်တို့၌ မင်းသားများသည် လူယဉ်ကျေးဟန် သရုပ်ဆောင်ရသည့်အခါ ခါးပုံစကို ပခုံးထက်တင်၍ ဝတ်သည်၊ လူရိုးဟန် သရုပ်ဆောင်ရသည့်အခါ ခါးပုံထိုး ဝတ်သည်၊ လူကြမ်းဟန် သရုပ်ဆောင်သည့်အခါ ခါးတောင်းကျိုက်သည်။



ငရုတ် တစ်လှမ်း ၊ ခရမ်း တစ်ခုန် ။

ငရုတ် စိုက်ရာတွင် တစ်ပင်နှင့်တစ်ပင် ခြေတစ်လှမ်းစာခန့် ခွာ၍ စိုက်ရပြီး ၊ ခရမ်းပင် စိုက်ရာတွင် တစ်ပင်နှင့်တစ်ပင် တစ်ခုန်စာခန့် ခွာ၍ စိုက်ရသည် ။ ဒါမှ အပင်လည်းကြီး ၊ အသီးလည်း ထွားတတ်ပါတယ် ။



ငါနှင့်ငါသာ နှိုင်းစရာ ။

မာန်တက်နေသူသည် မိမိနှင့် နှုင်းယှဉ်လောက်သည့် ပုဂ္ဂိုလ် မရှိဟု ကိုယ့်ကိုကိုယ် ထင်တတ်သည် ။


ကုန်ရှုံးလျှင် တစ်ခေါက် ၊ လင်ကုန်ရှုံးလျှင် တစ်သက်လုံးမှောက် ။

ကုန်သွယ်၍ ကုန်ရှုံးလျှင် တစ်ခေါက်သာ ရှုံးသည် ၊ တစ်ကြိမ်ကြိမ်တွင် အမြတ်ပြန်ရနိုင်သေးသည် ။ အိမ်ထောင်ဖက်အရွေးမှားလျှင်ကား တစ်သက်လုံး ဒုက္ခတွေ့ရတတ်သည် ။
အိုးအိမ်တည်ထောင်မှုအရေးကိစ္စတွင် ကုန်ရှုံးလျှင် တစ်ခေါက် ၊ လင်ကုန်ရှုံးလျှင် တစ်သက်လုံးမှောက် ဆိုသည့်စကားအတိုင်း ယောင်္ကျားများထက် မိန်းမများမှာ ဆင်ခြင်တုံဥာဏ်သွားနှင့် ပိုမို၍ စဉ်းစားပြီး ပြုသင့်လေ၏ ။

ဆက်လက်ဖတ်ရှုရန် ...

အမှတ်တမဲ့ # 1

ဂျင်း အဝတ်အစားတွေကို ဘယ်သူတီထွင်ခဲ့သလဲ ။

ဂျင်း အဝတ်အစားကို သင်္ဘောသား အော်စကာ လဲဗီး စထရပ်စ်ဆိုသူက ဆန်ဖရန်စစ္စကိုမြို့မှာ ၁၈၅၀ ပြည့်နှစ်က စတင်ခဲ့တာဖြစ်ပါတယ် ။ ဂျင်း ဆိုတဲ့ ဝေါဟာရက မာကျောတဲ့ပိတ်စလို့ ကျွန်တော် ဂျင်းဂျက်ကတ်လေးက ထင်ပါတယ် ။ ဒီပိတ်စကို ဂျင်နိုရာမြို့မှာ ပထမဆုံး စတင် ထုတ်လုပ်ခဲ့ပါတယ် ။ ဂျင်းရဲ့ နဂိုအရောင်က အညိုရောင်ပါ … အခု ကျွန်တော်တို့ ဝတ်နေကြတဲ့ ဂျင်းကတော့ အပြာရင့်ရောင်ပေါ့ဗျာ ။




ဘာကြောင့် ပန်းပွင့်တွေ ရနံ့လှိုင်နေရတာလဲ ။

တချို့ပန်းပွင့်တွေက လူတွေကို ထုံသင်းတဲ့ မွှေးရနံ့တွေပေးတယ် ။ တချို့ ပန်းပွင့်တွေကတော့ လူတွေကို အော်ဂလီဆန်တဲ့ ရနံ့တွေပေးတယ် ။ သည်လို ပန်းရနံ့တွေ ပြယ်ရ ၊ ယိုယွင်းရတဲ့အကြောင်းကတော့ ယင်ကောင်တွေ ( တခါတရံ လင်းနို့တွေ ) ရဲ့ ဝတ်မှုန်ကူးတာကို ခံရလို့ပါပဲ ။

တချို့ အင်းဆက်ပိုးကောင်တွေက ရနံ့သင်းပျံ့နေတဲ့ ပန်းပွင့်တွေရဲ့ ပန်းဝတ်မှုန်လေးတွေကို စားသုံးဖို့ ၊ မွှေးမြချိုသင်းတဲ့ ပန်းဝတ်ရည်တွေကို စုပ်ယူဖို့ လှည့်လာကြတယ် ။ သည်ပိုးကောင်လေးတွေက ပန်းပွင့်တစ်ပွင့်မှ နောက်တစ်ပွင့်ပြီးတစ်ပွင့် ကူးလူးဝဲပျံစားသုံးကြတယ် ။ အဲဒါကြောင့် ဝတ်မှုန်တွေပျံ့လွင့် သွားနေတာပါ ။သည်လို ဝတ်မှုန်ကူးတာကြောင့် အစေ့တွေ သန္ဓေအောင်ပြီး နောက်လာမယ့် ရာသီမှာ ပန်းပွင့်တွေ ပေါ်ပေါက်လာတာပါ ။



ရေအောက်မှာ ပျံနိုင်တာက ဘယ်လိုငှက်မျိုးလဲ ။

အဟား ... အချိုးအချိတ်မကျ ရယ်စရာကောင်းလှတဲ့ ဖြစ်ရပ်ဆန်း ပိုင်ရှင်ကတော့ မြေကြီးပေါ်မှာ မပျံနိုင်တဲ့ ပင်ဂွင်းငှက်ပါ ။ ရေထဲမှာ သူက လျင်မြန်တဲ့အဟုန်နဲ့ ပျော်မြူးစွာ ပျံသန်းနိုင်ပါတယ် ။



ကြက်တူရွေးတွေ အိပ်တန်းပေါ်မှာ အိပ်တော့ ဘယ်လိုအိပ်နေသလဲ ။

ငှက်တိုင်းမှာ လမ်းလျှောက်တဲ့အခါ ခြေထောက်တွေ ဆန့်စေပြီး အားပြုပေးတဲ့ အရွတ်တွေရှိပြီး သူတို့ အိပ်တန်းတက်ချိန်မှာ အရွတ်တွေကို တင်းနေအောင် ကျုံ့ဆွဲထားကြပါတယ် ။ အဲ့လို အရွတ်တွေ တင်းကျုံ့လာတဲ့အခါ အိပ်တန်းကို သူတို့ခြေချောင်းလေးတွေနဲ့ ကွေးကုတ်ထားပြီး ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားစေဖို့ ဖန်တီပေးသလို ဖြစ်သွားတာပါ ။



ပျားတိုင်း တုပ်ကြသလား ။

ပျားမတွေပဲ တုပ်နိုင်ကြတာပါ … သူတို့ရဲ့ ဝမ်းဗိုက်အဆုံးမှာ ဆူးချွန်တစ်ချောင်းရှိပါတယ် ။ အဲဒီ ဆူးချွန်လေးက အတုပ်ခံရသူရဲ့ အသားမှာ စိုက်ကျန်ခဲ့ရင်တော့ အဲဒီ တုပ်လိုက်တဲ့ ပျားက နောက်ထပ် မတုတ်နိုင်တော့ပါဘူးတဲ့ဗျာ ။



အာကာသထဲ ပထမဆုံးရောက်ခဲ့တဲ့ လူသားက ဘယ်သူလဲ ။

၁၉၆၁ ခုနှစ် ဧပြီလ ၁၂ ရက်နေ့မှာ အာကာသထဲ ပထမဆုံးဝဲပျံခဲ့တဲ့ ပထမဆုံးလူသားက ရုရှဗိုလ်မှုး ယူရီအလက် ဇဲရီဗစ်ခ်ဂါဂါရင် ဖြစ်ပါတယ် ။ ကမ္ဘာကို ပြန်လည်မဆင်းခင် သူ့အာကာသယာဉ် ဗော့စတော့ခ်နဲ့ ၁၀၈ မိနစ်ကြာအောင် ကမ္ဘာကို ပတ်ခဲ့ပါတယ် ။

၁၉၆၈ ခုနှစ် ၃၄ နှစ်အရွယ်မှာ MIG ဂျက်လေယာဉ်ပျံကို လေ့ကျင့်ပျံသန်းနေရင်း ပျက်ကျပြီး ကွယ်လွန်သွားခဲ့ပါတယ် ။



စက္ကူကို ဘယ်သူက စတင်တီထွင်ခဲ့သလဲ ။

စက္ကူကို နကျယ်ကောင်တွေက စတင်လုပ်ခဲ့တယ်လို့ ဆိုထားပါတယ် ။ သူတို့တွေက အသိုက်ဆောက်ဖို့ သစ်ကိုင်းအစအနလေးတွေကို ဝါးစားပြီး ထွေးထုတ်တော့ စက္ကူတွေ ဖြစ်လာတာပါ ။

ရှေးဟောင်း အီဂျစ်လူမျိုးတွေက ကျူရိုးပင်တွေကနေ စက္ကူကို ဖန်တီးခဲ့ပါတယ် ။ စက္ကူလုပ်တဲ့ ပါပီရပ်စ်လို့ခေါ်တဲ့ ကျူရိုးပင်တွေကို အစွဲပြုပြီး Paper စက္ကူလို့ အမည်တွင်နေတာပါ ။

နှစ်ရာစုအတွင်းမှာ တရုတ်လူမျိုးတွေက ထုတ်ကုန်ပစ္စည်း တစ်ခုအနေနဲ့ အစောဆုံး စက္ကူတွေထုတ်လုပ်ခဲ့ကြပါတယ် ။ ဝါးမျှင်တွေကို ထုတ်ယူပြီး ထုထောင်းတယ် ။ ပြီးတော့ ပျော့ဖတ်လုပ်ထားပြီး အခြောက်ခံလိုက်တဲ့အခါ စက္ကူဖြစ်သွားပါတယ်တဲ့ ။

ဆက်လက်ဖတ်ရှုရန် ...