Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

အော် ...

အပြောင်းအလဲ



နှစ်ဦးတူယှဉ်၊ ဒီအပင်အောက်
ပန်းကြွေကောက်စဉ်၊ ရင်တထိတ်ထိတ်
ဒီအရိပ်မှာ၊ ချစ်စိတ်ဝေခဲ့ဖူးပါတယ်.

သစ်မြစ်ဆုံခွ၊ ယှဉ်ထိုင်ကြရင်း
မြချောင်းရေကြော၊ ပန်းကြွေမျှောမိ
ကြည့်ရင်းကြည်နူး၊ ချောင်းနဖူးမှာ
စိတ်ကူးနုသစ်ခဲ့ဖူးတယ်.

ခင်ကပစ်တော့
ဒီသစ်ပင်အောက်၊ ပန်းမကောက်ချင်
နွမ်းခြောက်သွေ့ဆိတ်၊ ဒီအရိပ်မှာ
လွမ်းစိတ်ရာထောင် ဝေဖူးတယ်.

ခင်မကြင်တော့
ညင်ညင်ရေစီး၊ တမ်းတညည်းဟန်
ခင့်ရယ်သံလား၊ ၀ိုးဝါးထင်မိ
ကြည့်လေရာရာ၊ ဝေဒနာနှင့်
ရေပြာအလှ ကင်းဖူးတယ်.

ဩော်… နှစ်တွေကြာလို့
တစ်ခါတစ်ခေါက်၊ ဒီကိုရောက်လျှင်
တို့ငယ်စဉ်က၊ နှောင်မျှင်တွယ်ရစ်
အချစ်အလွမ်း၊ ဖမ်းစားညှို့ငင်
ဒီသစ်ပင်ကား၊ ချောင်းရေစား၍
ကမ်းပါးပြိုနောက် ပါလေပြီ…

ဒီကပြန်လျှင်၊ ရင်မခုန်တတ်
မလွမ်းတတ်တော့၊ စိတ်ဓာတ်ရင့်ကျက်
ခံစားချက်တို့၊ ပျက်ပြယ်ခဲ့ရ
အနည်ကျပြီ…
ဘ၀ဆိုတာ… ဒါပဲ ခင်…

မောင်စိန်ဝင်း (ပုတီးကုန်း)

ဆက်လက်ဖတ်ရှုရန် ...

တောင်ပြိုသောနေ့

တောင်ပြိုသောနေ့


အဖေသေတဲ့နေ့မှာ …

အမေနဲ့ သားသမီးတွေ ငိုကြတယ် ။
အမေသေတဲ့နေ့မှာ …

သားသမီးတွေ ငိုကြတယ် ။

အမွေခွဲတဲ့နေ့မှာတော့ …

တမလွန်က အဖေနဲ့အမေ ငိုနေကြပြီလေ ။။။

ဆက်လက်ဖတ်ရှုရန် ...

Why ???

2006 ခုနှစ် UN ရဲ့အကောင်းဆုံး ကဗျာဆုဖြစ်တဲ့ အာဖရိကတိုက်က ကလေးလေးတစ်ယောက်ရဲ့ ကဗျာကို ဝေမျှလိုက်ပါတယ် ။



When I born , I black
When I grow up , I black
When I go in Sun , I black
When I scared , I black
When I sick , I black
And when I die , I still black


And you white fellow
When you born , you pink
When you grow up , you white
When you go in sun , you red
When you cold , you blue
When you scared , you yellow
When you sick , you green
And when you die , you grey

And you calling me coloured ? ? ?



ငါမွေးလာတော့ ငါ့အသားက အမည်း
ငါကြီးလာတော့လည်း အမည်း
ငါနေပူထဲသွားတော့လည်း အမည်း
ငါကြောက်တဲ့အခါလည်း အမည်း
ငါနေမကောင်းတဲ့အခါလည်း အမည်း
နောက်ဆုံး ငါသေတဲ့အခါတောင် ငါကအမည်း


မင်းတို့လူဖြူတွေကတော့
မွေးလာတဲ့အခါ ပန်းရောင်
ကြီးလာအခါ အဖြု
နေပူထဲထွက်တဲ့အခါ အနီ
အေးလာတဲ့အခါ အပြာ
ကြောက်တဲ့အခါ အ၀ါ
နေမကောင်းတဲ့အခါ အစိမ်း
သေသွားတော့ အညိုရောင်


ဒါနဲ့များ ငါတို့ကို အရောင်ရိုတဲ့လူတွေ တဲ့ ...


ဆက်လက်ဖတ်ရှုရန် ...

--- ဆိုတာ ။

တစ်ချိန်ချိန်မှာ ...
တစုံတယောက်နဲ့ ဆုံစည်းရမယ်ဆိုရင်
အဲဒီသူဟာ မင်းဘဲဖြစ်ချင်တယ် ။


တချိန်ချိန်မှာ ...
တစုံတယောက်နဲ့ ချစ်ခွင့်ရမယ်ဆိုရင်
အဲဒီသူဟာ မင်းဘဲဖြစ်ချင်တယ် ။


တချိန်ချိန်မှာ ...
တစုံတယောက်ကို ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင်
အဲဒီသူဟာလည်း မင်းဘဲဖြစ်ချင်တယ် ။


တချိန်ချိန်မှာ ...
တစုံတယောက်နဲ့ ဝေးကွာရမယ်ဆိုရင်တော့
နှစ်ခါပြန် သေချင်သေပါစေ
အဲဒီသူဟာ ဘယ်တော့မှ မင်းမဖြစ်စေရဘူး ။


ဒါပေမယ့် ...
သူငယ်ချင်းတစ်ယောက်ကပြောတယ်
အချစ် စစ်ဆိုတာ
ပိုင်ဆိုင်ခြင်းနဲ့လည်း မဆိုင်ဘူး
သူ ရှိနေတယ် ဆိုတဲ့ အသိလေးနဲ့
ပြီးပြည့်စုံတဲ့ ခံစားချက်လေးပါဘဲ တဲ့ ။


ဒါကြောင့် ...
စွန့်လွှတ်ရခြင်းကို ငါမနှစ်သက်လည်း
ငါ့နှလုံးသားထဲမှာ မင်းရှိနေရုံနဲ့တင်
သိမ်မွေ့ပြီးပြည့်စုံတဲ့ ခံစားချက်လေးတစ်ခုနဲ့
ငါ လွမ်းတတ်အောင် ကြိုးစားပါတော့မယ် ... ပီပီ L


အားလုံးအတွက်ဝေမျှလိုက်ပေမဲ့ တစ်ယောက်သောသူ သိပါစေ ... နေ့တိုင်း - သောကြာ - ဖြစ်ခဲ့ရင်ပေါ့ ..

ဆက်လက်ဖတ်ရှုရန် ...

Generosity is the potion of ....... !!!

In this world -

Even the son of low parent can be the king's counsellor ,
Even the son of a poor man can be rich ,
So don't be contemptuous of a man. A best friend is like a sugar-cane which is sweet from stem to top ..

ဆက်လက်ဖတ်ရှုရန် ...

မွေးမေမေ အတွက်...

ငါအိုသွားတဲ့ အခါ


ငါအိုသွားတဲ့ အခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး၊ ငါ့ကို နားလည်ပေးပါ၊
စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။


ချိ နဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ
ချည်ဖို့မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို
ကျေးဇူးပြုပြီး သတိရပေးပါ။


အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ
ကျေးဇူးပြုပြီး နားထောင်ပေးပါ၊ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ည
ပုံပြင်တွေကို မရိုးအောင် ပြောရင်း ငါချော့သိပ်ဖူးခဲ့တာတွေကို သတိရပေးပါ။


မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီ လိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့၊ ငယ်ငယ်တုန်းက
ချော့တစ်ခါ ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။


ခေတ်သစ် နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့၊
ငယ်ငယ်တုန်းက ဘာကြောင့် ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါ ပြန်ဖြေခဲ့တာတွေကို
သတိရပေးပါ။


စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့
လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးပါ၊ လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း
လမ်းလျှောက်သင်ပေးခဲ့ ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။


အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီဘဲ အကြောင်းအရာတွေကို
ငါမေ့သွားတဲ့ အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ၊ စကားအကြောင်းအရာတွေက
ငါ့အတွက် အရေးမကြီးပါဘူး၊ ဘေးကနေ ငါပြောသမျှ ကို နားထောင်ပေးရင်
ကျေနပ်ပါပြီ။


တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ဝမ်းမနည်းပါနဲ့၊ နားလည်ပေးပါ၊
အားပေးပါ၊ အရင်တုန်းက လူ့ဘဝ တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို
အခုအချိန်မှာ ငါ့ဘဝနောက်ဆုံး အချိန်တွေအတွက် အဖော်ပြုပေးပါ၊ အချစ်နဲ့ အေးမျှမှုတွေကို
ငါပြုံးပြုံးလေး လက်ခံမှာပါ၊ အဲဒီ အပြုံးတွေထဲမှာ မဆုံးတဲ့
ငါ့မေတ္တာတွေ တွေ့ရမှာပါ။။။


ကျွန်တော့်ဘဝမှာ အဖေ နဲ့ အမေ က အဓိက ပါဘဲ မိဘ ကလွဲပြီး ဘယ်လူသားမဆို စွန့်လွှတ်နိုင်တယ်... အခုလို ရေးနေနိုင်တာကိုက မိဘကျေးဇူးတွေကြောင့်ပါ... ဒီစာလေးကိုဖတ်ပြီး မိမိဘဝမှာ အတတ်ပညာတွေ ရလာတာ ဘယ်ကနေအစပြုပြီး ရခဲ့လဲ... မိမိမှာ ပြည့်စုံလာတော့ စုတ်ပြတ် နုံချာလှချည်လားဆိုပြီး အထင်မသေးမိပါစေနဲ့.......
( ဒီစာလေး ပေးတဲ့ နောင်တော်ကို ကျေးဇူး... )

ဆက်လက်ဖတ်ရှုရန် ...

သူငယ်ချင်း ချစ်သူလေးအတွက်...

သူငယ်ချင်း လေး...
ငါမမြင်နိုင်ပေမယ့် မင်းအမြဲပြုံးနေပါ


ဘ၀ဆိုတာက မတူညီခြင်းတွေမှာ သံသရာလည်တယ်
နွေလွန်ရင်မိုး နောက်ထပ်ပြောင်းတော့ ဆောင်းပေါ့
ဟိုး... သုံးနှစ်က မိုးတွေခေါင်တယ်
ငါမမေ့နိုင်သေးဘူး


ခပ်လျော့လျော့ လက်တစ်စုံပါ
အငိုကြိုက်တဲ့ မင်းကို
မျက်ရည်တော့ သုတ်ပေးနိုင်ပါတယ်


မိုးဆိုတာ အမြဲတမ်း မရွာနိုင်သလိုပေါ့
ပေးဆပ်ချင်တဲ့ကောင်က ငါပါ
တစ်ခါတစ်ခါတော့လဲ မင်းကိုတမ်းတပြန်တယ်


ကိုယ်ပိုင်လွတ်လပ်ခွင့် တဲ့
မိုးရေထဲလျှောက်သွားတဲ့ ကောင်မလေး
စိုမှာ စိုးတော့ မိုးရလိမ့်မယ်


ဘယ်လိုပေတံနဲ့ တိုင်းကြလို့ ငါတို့ဝေးနေရတာလဲ
သူငယ်ချင်း လေးရယ်...
ငါမမြင်နိုင်ပေမယ့် မင်းအမြဲတမ်းပြုံးနေပါ


ဝေမျှပေးတဲ့ မိုးချစ်သူ ကို ကျေးဇူး ...

ဆက်လက်ဖတ်ရှုရန် ...

There is no one on earth who doesn't want his lover to keep thinking about ( ) ...

H.O.L.L.A.N.D
Hope our love lasts and never dies.
ငါတို့ရဲ့ ချစ်ခြင်းမေတ္တာ အမြဲတည်တံ့ပြီး ဘယ်တော့မှ မသေဆုံးဖို့ မျှော်လင့်တယ်။

I.T.A.L.Y
I trust you and love you.
ငါနင့်ကို ယုံလဲယုံကြည်တယ် ချစ်လဲချစ်ပါတယ်။

L.I.B.Y.A
Love is beautiful, You also.
မေတ္တာတရားဟာ လှပသလိုပဲ...........နင်လဲ အတူတူပေါ့။

F.R.A.N.C.E
Friendship remains and never can end.
ခင်မင်မှုဟာ ကြွင်းကျန်ရစ်နေပြီး ဘယ်သောအခါမှ အဆုံးသတ်မသွားဘူး။

C.H.I.N.A
Come here! I need affection.
ဒီနားလာခဲ့ပါ။ ငါလိုအပ်နေတာက အကြင်နာတရားတွေပေါ့။

B.U.R.M.A
Between us, remember me always.
ငါတို့ နှစ်ယောက်ကြားမှာ ငါ့ကို အမြဲ သတိရပေးနေပါ။

N.E.P.A.L
Never ever part as lovers.
ချစ်သူ နှစ်ယောက်အဖြစ်ကနေ ဘယ်တော့မှ မခွဲခွာဘူး။

I.N.D.I.A
I nearly died in adoration.
လေးစားမြတ်နိုးမှုကြားမှာ ငါသေဆုံးတော့မလားဘဲ။

C.A.N.A.D.A
Cute and naughty action that developed into attraction.
ချစ်စရာကောင်းခြင်းနဲ့ ဆိုးသွမ်းတဲ့ အပြုအမူတွေဟာ ဆွဲဆောင်မှု ပိုဖြစ်စေတယ်။

K.O.R.E.A
Keep optimistic regardless of every adversity.
အတိဒုက္ခဆင်းရဲ တိုင်းကို လျစ်လျူရှုပြီး အကောင်းမြင်ဝါဒကို လက်ကိုင်ထားကြည့်ရအောင်။

P.E.R.U
Phorget everyone...................remember us.
ငါတို့နှစ်ယောက်ကလွဲရင် ကျန်တာတွေ အားလုံးမေ့ပစ်လိုက်။

T.H.A.I.L.A.N.D
Totally happy. Always in love and never dull.
ပြီးပြည့်စုံသော ပျော်ရွှင်မှု------------အချစ်နဲ့ အမြဲ မကင်းကွာဘူး-------အချစ်တွေ ဘယ်တော့မှ မှေးမှိန်မသွားဘူး။



နှစ်သက်မိတဲ့ စာရင်းများလေးထဲမှာ သိမ်းထားရင်း ဖတ်ခဲ့ရတာလေးကို
သူငယ်ချင်း ချစ်သူလေးအတွက်သာမက...ချစ်မိနေသူတွေအတွက်.......

ဆက်လက်ဖတ်ရှုရန် ...