--- ဆိုတာ ။

တစ်ချိန်ချိန်မှာ ...
တစုံတယောက်နဲ့ ဆုံစည်းရမယ်ဆိုရင်
အဲဒီသူဟာ မင်းဘဲဖြစ်ချင်တယ် ။


တချိန်ချိန်မှာ ...
တစုံတယောက်နဲ့ ချစ်ခွင့်ရမယ်ဆိုရင်
အဲဒီသူဟာ မင်းဘဲဖြစ်ချင်တယ် ။


တချိန်ချိန်မှာ ...
တစုံတယောက်ကို ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင်
အဲဒီသူဟာလည်း မင်းဘဲဖြစ်ချင်တယ် ။


တချိန်ချိန်မှာ ...
တစုံတယောက်နဲ့ ဝေးကွာရမယ်ဆိုရင်တော့
နှစ်ခါပြန် သေချင်သေပါစေ
အဲဒီသူဟာ ဘယ်တော့မှ မင်းမဖြစ်စေရဘူး ။


ဒါပေမယ့် ...
သူငယ်ချင်းတစ်ယောက်ကပြောတယ်
အချစ် စစ်ဆိုတာ
ပိုင်ဆိုင်ခြင်းနဲ့လည်း မဆိုင်ဘူး
သူ ရှိနေတယ် ဆိုတဲ့ အသိလေးနဲ့
ပြီးပြည့်စုံတဲ့ ခံစားချက်လေးပါဘဲ တဲ့ ။


ဒါကြောင့် ...
စွန့်လွှတ်ရခြင်းကို ငါမနှစ်သက်လည်း
ငါ့နှလုံးသားထဲမှာ မင်းရှိနေရုံနဲ့တင်
သိမ်မွေ့ပြီးပြည့်စုံတဲ့ ခံစားချက်လေးတစ်ခုနဲ့
ငါ လွမ်းတတ်အောင် ကြိုးစားပါတော့မယ် ... ပီပီ L


အားလုံးအတွက်ဝေမျှလိုက်ပေမဲ့ တစ်ယောက်သောသူ သိပါစေ ... နေ့တိုင်း - သောကြာ - ဖြစ်ခဲ့ရင်ပေါ့ ..

No comments: