လောကနီတိ (Loka Niti)

နီတိ ဟူသော ဝေါဟာရဆိုတာ သင်္သကရိုက်ပါဠိ ဘာသာစကားဖြစ်ပြီး လမ်းညွှန် လို့အဓိပ္ပါယ်ရပါတယ်။လူ့လောကသားတွေ သိမှတ်လိုက်နာသင့်တဲ့ လူမှုကျင့်ဝတ် နဲ့ လူမှုစည်းကမ်း တွေကိုပေါင်းစည်းပြီး လောကနီတိ လို့ခေါ်ဝေါ်သုံးစွဲခဲ့ပါတယ်။ရှေးလူကြီးတွေ ထားရစ်ခဲ့တဲ့ စကားပုံတွေ၊ မှတ်သားလိုက်နာဖွယ် အဆိုအမိန့်တွေ၊ သင်ခန်းစာရယူဖွယ် ဇာတ်ကြောင်း ပုံပြင်တွေကနေ ကောင်းနိုးရာရာတွေကို စုစည်းထားတဲ့ လူမှုဆိုင်ရာ လောကနီတိကျမ်းဟာ ဘာသာမရွေး၊ လူမျိုးမရွေး၊ အရွယ်သုံးပါး လိုက်နာဖွယ် ကောင်းလှပါတယ်။


---ပျင်းရိသောသူ အတတ်ပညာမရနိုင်၊
---အတတ်ပညာမရှိသူ ဥစ္စာစီးပွားမရနိုင်၊
---ဥစ္စာစီးပွားမရှိသူ အဆွေခင်ပွန်းကောင်းမရနိုင်၊
---အဆွေခင်ပွန်းကောင်းမရှိသူ ချမ်းသာသုခမရနိုင်၊
---ချမ်းသာသုခမရှိသူ ကောင်းမှု ကုသိုလ်မရနိုင်၊
---ကောင်းမှုကုသိုလ်မရှိသူသည် နိဗ္ဗာန်ကိုအဘယ်မှာမျက်မှောက်ပြုနိုင်အံ့နည်း။


---လောကတွင် အတတ်ပညာနှင့်တူသောဥစ္စာသည် မရှိ၊
---အတတ်ပညာကို ခိုးသူတို့ မခိုးနိုင်၊
---အတတ်ပညာသည် မိတ်ဆွေကောင်းဖြစ်ပြီး ချမ်းသာကိုလည်း ပေးဆောင်နိုင်သည်။


---အတတ်ပညာမရှိသူသည် သူတစ်ပါးဝန်ုကို ထမ်းရ၏၊
---အတတ်ပညာရှိသူသည် သူတစ်ပါးဂုဏ်ပြုခြင်းကို ခံရ၏၊
---ထို့ကြောင့် အတတ်ပညာကို နေ့စဉ်နေ့တိုင်း ရအောင် သင်ယူသင့်သည်။

+++One without knowledge has to carry other's burden.
+++One who has knowledge is honoured by others.
+++So strive daily to get knowledge.

No comments: