Conscious mind & Unconscious mind

ကျွန်တော် ဖတ်ခဲ့ဖူးတဲ့ စာအုပ်တစ်အုပ်တည်းမှာ လူတွေရဲ့ စိတ်က နှစ်မျိုးရှိတယ်တဲ့ နိုးကြားသောစိတ် ( Conscious mind ) နဲ့ မနိုးကြားသောစိတ် ( Unconscious mind ) ...
---နိုးကြားတဲ့ စိတ်ကတော့ ကျွန်တော်တို့ နိုးနေတဲ့အခါ အမြဲအလုပ်လုပ်နေတာပါ၊
---မနိုးကြားတဲ့ စိတ်ကတော့ မေ့လျော့ငေးမော တွေဝေပြီး အိပ်ပျော်တဲ့အခါမှာ ပေါ်လာတတ်ပါတယ်..ဒါကို အိပ်မက်မက်တယ်တဲ့
ငယ်ရွယ်နုနယ်တဲ့ ကလေးတွေမှာ နိုးကြားတဲ့စိတ်က အလွန်ရိုးသားသလို အကောင်းအဆိုး မရွေးဘဲ တွေ့ကြုံသမျှ လက်ခံသိမ်းပိုက်ထားတတ်တယ်


ဘယ်အဖျက်နဲ့ဘဲတွေ့တွေ့ မိမိစိတ် ရင့်ကျက်ဖို့က အရေးကြီးတာကို...
+ လေ သဘာဝအတိုင်း တိုက်မယ်၊ အချိန်မစီးတဲ့ အရာဝတ္ထုတွေ လေအလိုက် ချာချာလည် သွားလိမ့်မယ် .....
+ ရေ သဘာဝအတိုင်း ကြီးမယ်၊ ပေါ့သွက်တဲ့ အရာဝတ္ထုတွေ ရေအလှိုက် အလိုက်သင့်ပါသွားလိမ့်မယ် .....
+ မီး သဘာဝအတိုင်း လောင်မယ်၊ ခြောက်သွေ့တဲ့ အရာဝတ္ထုတွေ မီးအမြိုက်ရာ ပြာကျသွားလိမ့်မယ် .....
ဒါ့ကြောင့် ကျွန်တော်တို့က.....
---တစ်ဖက်က သူ့အလုပ်သူလုပ်၊ ကျွန်တော်တို့က ဓားခုတ်ရာ လက်ဝင်မလျှိဖို့၊
---တစ်ဖက်က သူ့အပင်သူစိုက်၊ ကျွန်တော်တို့က မြေတောင်မြှောက် ပေါင်းလိုက် ရေလောင်း အားမစိုက်ဖို့ လိုပါလိမ့်မယ်။

No comments: