Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Happy Wordless Thursday ( Valentine's Day ) !!!

ဟာသ တစ်ခုကို ရင်တွင်းကနေ လှိုက်လှိုက်လှဲလှဲ ရယ်မောခြင်းဟာ အသက် မိနစ် ပိုရှည်စေတယ်လို့ ဆေးပညာရှင် အချို့ ပြောတာကို ကျွန်တော်မှတ်သားဖူးပါတယ် ။ ဒါ့အပြင် ပြေပြေလည်လည် ဆိုတဲ့ ဗွီဒီယိုဇာတ်ကားထဲမှာ မင်းသားကြီး အောင်လွင်ပြောခဲ့တဲ့ စကားလေးကိုလည်း အထူးသဘောကျမိပါတယ် ။ သူက ... ကျန်းမာပြီးအသက်ရှည်မှ အကြာကြီး ချစ်လို့ရမှာ ... လို့ပြောခဲ့ပါတယ် ။ ဒါ့ကြောင့် ကိုယ့်ရဲ့ချစ်ခင်သူတွေကို အသက်ရှည်စေလိုပါတယ် ။ တစ်နည်း အကြာကြီးချစ်စေလိုပါတယ် ။ ဟာသတစ်ခုကို ရယ်မောရင် အသက် ၇ မိနစ်ခန့်ပိုရှည်တယ်ဆိုရင် ဟာသ ၁၀ ခုဆိုရင် မိနစ် ၇၀ တောင် ပိုပြီး အသက်ရှည်လာနိုင်ပါတယ် ။ မှန်ရင်လည်းမှန် ၊ မှားရင်လည်းမှား ရယ်မောရတဲ့ ခဏတော့ အမောပြေ ၊ အပန်းပြေဖြစ်ပြီး စိတ်ရွှင်လန်းစေမှာ အမှန်ပါဘဲ ။ ချစ်တတ် ခင်တတ် သူတွေကို ရယ်မောစေလိုပါတယ် ။ တစ်နည်း အမောအပန်းတွေ ပြေပျောက်စေလိုပါတယ် ။ ဒါ့ကြောင့် ချစ်သူများနေ့မှာ ချစ်သူဖြစ်နေကြတဲ့သူတွေ အတွက် မြန်မာ့သွေးအဖွဲ့ကနေ ဟာသလေးတွေ စုစည်းပေးထားတာကို သူငယ်ချင်းတစ်ယောက်က မေးလ် ကနေပို့လိုက်လို့ ဝေမျှလိုက်ပါတယ် ။ ပျော်ရွှင်နိုင်ကြပါစေ ဗျာ …





ချစ်အဓိပ္ပါယ်

Love ( အချစ် ) ဟူသည် …

L ,,, Lake of sorrow ( ဝမ်းနည်းပူဆွေးရေအိုင် )

O ,,, Ocean of tears ( မျက်ရည်သမုဒ္ဒရာ )

V ,,, Valley of death ( မရဏတောင်ကြား )

E ,,, End of live ( ဘဝနိဂုံး ) ပါတဲ့ ။။။



တုံးလို့ကြိုက်

ဧဒင်ဥယျာဉ်တွင် ဖြစ်သည် ။

အာဒမ်က ဘုရားသခင်ကို မေး၏ ။

… ဘာကြောင့်များ ဧဝကို သိပ်လှအောင် ဖန်တီးခဲ့ရတာလဲ ဘုရား …

… မင်းအာရုံစိုက်မိအောင်လို့ …

… ဘာကြောင့်များ ဧဝကို သိပ်ချိုသာအောင် ဖန်တီးခဲ့ရတာလဲ ဘုရား …

… ဒါမှ မင်း သူ့ကို ချစ်မိမှာပေါ့ …

ဤအချက်ကို အာဒမ်က ခေတ္တမျှ စဉ်းစား၏ ။

… ဒါဖြင့် ဘာကြောင့်များ ဧဝကို သိပ်တုံး သိပ်အ အောင် ဖန်တီးခဲ့ရတာလဲ ဘုရား …

… ဒါမှပဲ မင်းကို ကြိုက်တော့မှာပေါ့ကွာ … ဟူသတည်း ။။။




လှောင်တာလေလား

ပန်းခြံတစ်ခုအတွင်း ချစ်သူနှစ်ဦး ချစ်စကားလေးတွေ တီတီတာတာပြောနေတာပေါ့ ။

… ဟိုအရင်ကလေ မောင်က တစ်ယောက်တည်း သီးသန့်နေရတဲ့ဘဝကို သိပ်မြတ်နိုးတာ ၊ အခုတော့ မောင့်စိတ်တွေ ပြောင်းလာရပါပြီ ။ မောင့်အတွက် သစ္စာရှိတဲ့ အဖော်တစ်ယောက်ကို လိုချင်လာပြီ ။ အလုပ်ကနေ အိမ်ကိုပြန်လာပြီဆိုတာနဲ့ ကြိုနေမဲ့ သူတစ်ဦးဦး ရှိနေစေချင်ပြီ ။ အင်မတန်ချစ်တဲ့ မျက်လုံးအစုံနဲ့ မောင့်ကို ကြည့်မယ့်တစ်စုံတစ်ဦးကို ပိုင်ဆိုင်ချင်လာတယ် …

မိန်းကလေးက ပြုံးပြီး ချက်ချင်းပြန်ပြော၏ ။

… လာမောင် ၊ ခင်တို့ အိမ်မွေးတိရိစ္ဆာန်ဆိုင်သွားပြီး ခွေးလေးတစ်ကောင် သွားဝယ်ကြမယ်နော် … တဲ့ ။။။



ရေလာမြောင်းပေး

… ရှင်ကျွန်မကို နမ်းနေတာ ဖေဖေမမြင်စေနဲ့နော် …

… ကိုယ် မင်းကို မနမ်းရသေးပါလား …

… ဟုတ်ပါတယ် ၊ တကတည်းမှပဲ … နမ်းမယ်ဆိုရင် ပြောတာပေါ့ … ။။။



ဟိုတယ်နှလုံးသား

… ကျွန်မမှာ ဟိုတယ်လိုနှလုံးသားရှိပါတယ်နော် …

… ဘာကိုပြောတာလဲဟင် ၊ ကျွန်တော်နာမလည်ဘူး …

… နောက်တစ်ယောက်အတွက် အမြဲတမ်း အခန်းရှိနေတယ်လေ … ။။။



မရိုက်ပေါင်ရှင်

ခင်ပွန်း ။ ။ မင်းကို ဟိုငနဲက ရည်းစားစကားလိုက်ပြောတာ ဘာလို့ငြိမ်ခံခဲ့ရတာလဲ ။

ပါးဆွဲပြီး ရိုက်လိုက်ပါလား ။

ဇနီး။ ။အိုတော် ၊ မရိုက်နိုင်ပါဘူး ။ အပျိုလို့ အထင်ခံရ နည်းသလားရှင့် ။။။



အိုကွယ် … ရှက်လိုက်တာ

စစ်သားလေးက သူ့ချစ်သူကို စစ်စခန်းတစ်ခုဆီသို့ အလည်ခေါ်သွား၏ ။ သူတို့ရောက်ပြီး မကြာမီ ရိုင်ဖယ်တပ်သားများ သေနတ်ပစ်လေ့ကျင့်နေသော နေရာသို့ ကူးသွားကြ၏ ။ မမျှော်လင့်ဘဲ ကျယ်လောင်သော သေနတ်ပစ်သံများကို ကြားလိုက်ရသည့်အခါ ချစ်သူမိန်းကလေး တုန်လှုပ်လန့်ဖျပ်ကာ စစ်သားလေး၏ ရင်ခွင်ထဲသို့ ပြေးဝင်မိ၏ ။

သူတို့နားမှ စစ်သားများ ပြုံးကြလေ၏ ။ ချစ်သူမိန်းကလေး အတော်ရှက်သွားကာ စစ်သားလေး၏ ရင်ခွင်မှ ရုန်းထွက်လိုက်၏ ။

… ဒီလောက်ကို လန့်သွားမယ်လို့ မထင်မိဘူး ၊ ရှက်လိုက်တာကွယ် …

ထိုတွင် စစ်သားလေးက ပြုံးစိစိနှင့် ဆက်ပြောလိုက်၏ ။

… ကဲ အချစ် ၊ ကိုယ်တို့ လက်နက်ကြီးတွေ လေ့ကျင့်နေတဲ့နေရာ သွားကြည့်ရအောင် … တဲ့ ။။။



ပုံမှန်အနေအထား

… ဟဲ့ .. နင့်ချစ်သူက နင့်ကို နမ်းတဲ့အခါ သူ့မျက်နှာ ဘယ်လိုဖြစ်နေသလဲ ၊ ပြောပြစမ်းပါ ဟယ် …

… ဘယ်သိမှာလဲ ၊ ငါက အနမ်းခံရတိုင်း မျက်စိကို စုံမှိတ်ထားတာဟဲ့ …



အဖျားရှူးဇာတ်သိမ်း

ပရိဘောဂဆိုင်ကြီးတစ်ခုကို ပိုင်သူတစ်ဦးသည် ပြန်လည်ရောင်းချဖို့ ပရိဘောဂများဝယ်ယူရန် နယူးယောက်သို့ ရောက်လာခဲ့လေသည် ။

သူတည်းသော ဟိုတယ် ဓာတ်လှေခါးထဲ၌ တစ်နေ့တွင် တကယ်လှ တကယ်ချောသော မိန်းမပျိုလေးတစ်ဦးနှင့် တွေ့ရ၏ ။မိန်းမပျိုလေးက ပြင်သစ်မလေးဆိုတော့ တစ်ယောက်ဘာသာစကားကို တစ်ယောက်နားမလည် ။

ထို့ကြောင့်သူက မှတ်စုစာအုပ်လေးကို ထုတ်ပြီး အငှားကားတစ်စီးကို ပုံဆွဲပြလိုက်လေ၏ ။ ကောင်မလေးက ခေါင်းညိတ်၏ ။ ထို့နောက် သူတို့အငှားကားတစ်စီးကိုငှားကာ အတူစီးပြီး စားသောက်ဆိုင်တစ်ခုသို့ သွားကြလေ၏ ။

စားသောက်ဆိုင်တွင် စားသောက်နေကြရင်း သူဌေးကြီးထံမှ စာရွက်ပေါ်တွင် ကနေသည့် ပုံတစ်ခုဆွဲပြရာ ကောင်မလေးက သဘောတူခေါင်းညိတ်သဖြင့် သူတို့တွေ အတူကကြလေ၏ ။ ကောင်မလေးခမျာ သူဌေးကြီးကို အတော်သဘောကျသွားလေ၏ ။

ထို့နောက် သူတို့နှစ်ဦး ဝိုင်အတူသောက်ကြ၏ ။ ထိုအချိန်တွင် ကောင်မလေးက သူဌေးကြီးထံမှ စာရွက်နှင့်ဘောလ်ပင်ကို တောင်းကာ ခုတင်ပုံတစ်ခုကို ဆွဲပြလိုက်၏ ။

ထိုပုံကိုမြင်သောအခါ သူဌေးကြီးမှာ အံ့သြစိတ်နှင့်အတူ ပါးစပ်ကပင် ထွက်၍ ယောင်မိသည်ဟူ၏ ။ သူဌေးကြီးယောင်လိုက်သည်ကား …

… ဟာ ၊ တော်လိုက်တဲ့ပြင်သစ်မပဲ ၊ ငါပရိဘောဂ ရောင်းတယ်ဆိုတာ သူဘယ်လိုသိလဲ မသိဘူး … တဲ့ ။ ကဲ .. မှတ်ရော ဗျာ ။။။



ဆက်လက်ဖတ်ရှုရန် ...

When Superheroes Retire !!!

အခု ရုပ်ရှင်တွေထဲမှာ မယုံကြည်နိုင်လောက်အောင် အစွမ်းထက်တဲ့ ဇာတ်ဆောင်တွေ အများကြီးထဲက တချို့ အနားယူသွားကြပြီးရင် Jeanjacketlay ကတော့ သူတို့အတွက် အလုပ်ပေးဖို့ စီစဉ်ထားတယ်ဗျ လေ့လာကြည့်ပါအုံး ။




















ပျော်ရွှင်ပါစေဗျာ …

ဆက်လက်ဖတ်ရှုရန် ...

Happy Wordless Sunday !!!

Funny Animation # 1



(Click ... to play animation) ကလစ်ဖို့မမေ့ပါနဲ့ ။


အခုတလော Jeanjacketlay စိတ်ညစ်နေတာနဲ့ ပျော်ရွှင်စရာတွေဘဲ post တင်လိုက်တယ်ဗျာ မျှဝေပြီး ပျော်ရွှင်ကြတာပေါ့ အဓိကကတော့ အတွက်အချက်ပိုင်းမှာ ဘယ်လောက်တောင် Genius ဖြစ်ခဲ့သလဲပေါ့ဗျာ ၊ ပုစ္ဆာတစ်ပုဒ်ကို ဘာရယ်တော့ မဟုတ်ဘူး .. လုံးဝအရိုးရှင်းဆုံး စဉ်းစားပြီး Jeanjacketlay က တော့ဒီလိုဘဲ စားပစ်လိုက်တာဘဲ .. အော် မှားလို့ တွက်ပစ်လိုက်တာဘဲ .. စိတ်ညစ်ရတဲ့ အကြောင်းရင်းကိုလည်း ပထမဆုံး တင်လိုက်တယ်ဗျ .. အဟား .. စိုင်းထီးဆိုင် ရဲ့သီချင်းလေးလို နှလုံးသားလမ်းကြောင်း မှာ ကျွန်းခံ နေတာတော့ မဟုတ်ပါဘူး ။ မသိသေးတာဘဲ ရှိပါတယ် ။

ဆက်လက်ဖတ်ရှုရန် ...

Mathematics Genius !!

Can you bet the owners ( J's ) of this test papers are the greatest math geniuses of all time ?







ဆက်လက်ဖတ်ရှုရန် ...

How to look happy at work the whole day ???

Funny Picture # 1

အဟား … J’s ဟာသတွေကပျင်းစရာ ကောင်းပါတယ်ဆိုမှ … မိတ်ဆွေက အလုပ်တွေ အရမ်းများပြီး stress တွေများနေရင် အသက်သာဆုံးနဲ့ ရယ်ရမယ့် ရယ်စရာ နည်းလမ်းတွေ ရှိတယ်ဗျ … လိုက်လုပ်ဖို့တော့လိုမယ်နော် ။ အဆင့်နှစ်ဆင့် ရှိတယ်

Take 2 paper clips and rubber bands. Fig 1.




Assemble them as shown on the picture. Fig. 2.




Then Apply as shown in fig. 3.





ဒီ new equipment တွေက တစ်နေ့တာအတွက် မိတ်ဆွေရဲ့ မျက်နှာကို အမြဲပြုံးနေအောင် ကူညီပေးမပေးကတော့ စမ်းသပ်ဖို့ လိုမယ်နော်

ဆက်လက်ဖတ်ရှုရန် ...