မြန်မာဆိုရိုးစကား# ၃

ငှက်ပျော ကဆုန် ၊ ဝါး နယုန် ။ငှက်ပျောပင်ကို ကဆုန်လတွင် စိုက်ပျိုးရသည်။ ဝါးပင်ကို နယုန်လတွင် စိုက်ပျိုးရသည် ။


ငှက်ပျောတစ်ခိုင် ၊ သားတစ်ထိုင် ။ငှက်ပျောခိုင် စထွက်ရာမှ ရင့်မှည့်သည်အထိ ကြာသောကာလသည် ကလေးမွေးစမှ ထိုင်နိုင်သည်အထိ ကာလနှင့် တူညီသည် ။



ငှက်မသိက ဆက်ရက်ကို ချိုးထင် ၊ အချက်မသိက သမက်ကို သူခိုးထင် ။ဆက်ရက်မှန်း မသိပါက ချိုးငှက်ကိုပင် ဆက်ရက်ဟု ထင်တတ်သည်။ သမက်လောင်းသည် သမီးနှင့်ချိန်း၍ တိတ်တဆိတ် တွေ့သည့်အချက်ကို မသိပါက သမက်လောင်းကိုပင် သူခိုးဟု ထင်တတ်သည်။



စကားအပေါင်းအုပ်သည် ကတိ ၊ တရားအပေါင်းချုပ်သည် သတိ ။ ။ စကားအရာတွင် ကတိသည် အချုပ်ဖြစ်သကဲ့သို့ တရားအရာတွင် သတိသည် အချုပ်ဖြစ်သည် ။



စကားအရာ အဂါင်္လေးတန်။ ။ စကားအရာ၌ သုဘာသိတ ၊ ပိယဝါစာ ၊ သစ္စာ ၊ ဓမ္မဟူ၍ အဂါင်္လေးပါး ရှိသည် ။ ( သုဘာသိတ - ပြေပြစ်စွာ ပြောခြင်း ၊ ပိယဝါစာ - ချစ်နှစ်သက်ဖွယ် ပြောခြင်း ၊ သစ္စာ - ဟုတ်တိုင်းမှန်ရာ ပြောခြင်း ၊ ဓမ္မ - တရားသဖြင့် ပြောခြင်း ။ )



စလယ်ဝင် ဖင်မမည်းခင်က ကွဲ ။ ။ လေးလေးနက်နက် မစဉ်းစားဘဲ အလျင်စလို အိမ်ထောင်ပြုလျှင် အချိန်တိုတိုအတွင်း လင်မယား ကွဲတတ်ကြသည် ။



စာတတ်ကို စာမှတ်ဖျက်သည် ။ ။ စာတတ်သူကို စာအနည်းငယ်မျှ ဖတ်မှတ်သိရှိသူက ပညာစမ်းလိုသည့်သဘောဖြင့် ကတ်သီးကတ်သတ် မေးမြန်းသည့်အခါ မဖြေနိုင်သည်လည်း ရှိတတ်သည် ။ ( ပညာဝန်အမော် ပုဂ္ဂိုလ်ကျော်ကို တစ်လုံးတစ်ပါဒ တစ်ဂါထာမျှကို သိသူ ပုဂ္ဂိုလ်တစ်ဦးဦးက စုံစမ်းမေးမြန်းလာလျှင် မေးမြန်းတိုင်း ဖြေဆိုနိုင်မည်မဟုတ်ပေ ၊ … ယင်းသို့ အဖြေမပေးနိုင်လျှင်ပင် … အထင်သေး၍သွားပေတော့မည် ။ ထို့ကြောင့် ရှေးသူဟောင်းတို့က စာတတ်ကို စာမှတ်ဖျက်သည် ဟု ဆိုရိုးပြုခဲ့ ကြသည် ။


1 comment:

Han Thit Nyeim said...

ကောင်းတယ်ဗျို့... ပို့စ်တွေနဲ့ နာမည်နဲ့ မလိုက်အောင်ပါပဲ။ ဒါပေမယ့် သုံးလေးငါးခုတော့ မလုပ်ပါနဲ့ဗျာ။ လေးငါးဆယ်ခုလောက်တော့ ရေးပါဗျ။