ဂျင်းဂျက်ကတ်မှတ်စု # ၁

ယောင်္ကျားတို့၏ မာယာ ၉ ပါး ။


(၁) အမျိုး၏ဂုဏ်ကို ပြတတ်ခြင်း ။

(၂) ပညာ၏ဂုဏ်ကို ပြတတ်ခြင်း ။

(၃) ပစ္စည်း၏ဂုဏ်ကို ပြတတ်ခြင်း ။

(၄) ဝမ်းသာဝမ်းနည်းပြုတတ်ခြင်း ။

(၅) အစဉ်မပြတ်နောက်ယောင်ခံတတ်ခြင်း ။

(၆) အစားအသောက် လက်ဆောင်များပေးကမ်းခြင်း ။

(၇) မြှောက်ပင့်ချီးမွမ်းတတ်ခြင်း ။

(၈) အဝတ်အစားပြောင်းလဲတတ်ခြင်း ။

(၉) ကိုယ်ကာယ တောင့်တင်းကျန်းမာခြင်းကို ပြတတ်ခြင်း ။




သူတစ်ပါးအား မပြောအပ်သော အကြောင်းအရာ ၉ ပါး ။


(၁) အာယု=မိမိနေရအံ့သော အသက်အပိုင်းအခြား ။

(၂) ဝိတ္တ=မိမိပိုင် စည်းစိမ်ဥစ္စာ ရတနာဟူသမျှ ။

(၃) ဂေဟဆိဒ္ဓ=မိမိ၏ အိမ်၌ မလုံခြုံသောနေရာနှင့် အပြစ်အနာအဆာ ဟူသမျှ ။

(၄) မန္တ=လျှို့ဝှက်အပ်သော တိုင်ပင်ဆွေးနွေးမှုများ ။

(၅) မေထုန်=ကိုယ့်မယားအားသံဝါသမှုစပ်ယှက်ပုံ ၊ ပြုပုံနည်းနှင့် ပြုသောနေရာဌာန ။

(၆) ဘေသဇ္ဇနယ=ခက်ခဲစွာဖော်စပ်အပ်သော ဆေးစွမ်းကောင်းများ ။

(၇) တပ=မိမိ၏ ခြိုးခြံစွာသော အကျင့် ။

(၈) ဒါန=လှူဒါန်းပေးကမ်းခြင်း ။

(၉) အပမာဏ=မိမိအား သူတစ်ပါးတို့က ပမာမထား မလေးစားပုံ အခြင်းအရာ ။




မကိုးအပ်သည့် ၃ ပါး ။


(၁) မာန်ကို မကိုးအပ်။

(၂) အားကို မကိုးအပ် ။

(၃)စည်းစိမ်ကို မကိုးအပ် ။




မကျော်အပ်သည့် ၃ ပါး ။


(၁) ကျည်ပွေ့ကို မကျော်အပ် ။

(၂) အရှေ့ထရံကို မကျော်အပ် ။

(၃) သူတစ်ပါးဦးခေါင်းကို မကျော်အပ် ။




မခိုအပ်သည့် ၃ ပါး ။


(၁) မြတ်စွာဘုရားအရိပ်ကိုမခိုအပ် ။

(၂) သံဃာ့အရိပ်ကို မခိုအပ် ။

(၃) မိဘအရိပ်ကို မခိုအပ် ။




မမေးရာသည် ၃ ပါး ။


(၁) အိပ်ရာထကို မမေးရာ ။

(၂) ခရီးလာခိုက်ကို မမေးရာ ။

(၃) အမျက်ဒေါသနှင့် ပြင်းစွာ လာခိုက်ကို မမေးရာ ။




မရှက် ၃ ပါး ။


(၁) ကြိုက်နှစ်သက်၍ မရှက်ခြင်း ။

(၂) ငတ်မွတ်၍ မရှက်ခြင်း ။

(၃) အိပ်ငိုက်၍ မရှက်ခြင်း ။

1 comment:

Saing Khan Tun said...

ကောင်းပါ့ဗျာ ...
ရေးသာရေးဗျို့....

Saing Khan Tun
saingkhantun@gmail.com
saingkhantun.blogspot.com
saing.top-me.com