သားလူမိုက် ။



  • အမေ့ကို ကန်တော့ပါတယ် ၊
  • အမေ့ကို ကန်တော့ပါတယ် ၊
  • အမေ့ကို ကန်တော့ပါတယ် ။။။
ဒီအသက်အရွယ်ရောက်ပေမဲ့ ကလေးတစ်ယောက်လို အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်ခဲ့တဲ့ အမေ ၊ ကိုယ့်သားသမီးအတွက်ဆို အမြဲတမ်း အနစ်နာခံခဲ့တဲ့ အမေ ၊ စိတ်ထဲမှာ ကိုယ့်သားသမီးအတွက်က လွဲပြီးကျန်တာ ဘာမှစိတ်မ၀င်စားတဲ့ အမေ ၊ ကိုယ့်သားသမီးက လူ့သဘာဝတရားကြီးအတိုင်း လည်ပတ်သွားရင်တောင် မေတ္တာတွေလျော့သွားမှာကို မလိုလားတဲ့ အမေ ၊ ကိုယ့်သားသမီးက အဝေးကို ပညာသွားသင်တဲ့အခါ ပညာရေးအတွက်ဆိုပြီး ခွင့်ပြုခဲ့ပေမဲ့ မျက်ရည်တွေကျပြီး မခွဲချင်နေတဲ့ အမေ ၊ အဝေးရောက် နေတော့လည်း ဘုရားရှိခိုးတိုင်း သားသမီးတွေအတွက် အမြဲ မေတ္တာပို့ပေးနေတဲ့ အမေ ၊ ပတ်ဝန်းကျင်စိမ်းမှာ သား အစစအရာရာ အဆင်ပြေနေတာ အမေ့ရဲ့ မေတ္တာတွေကြောင့်ပါ အမေ ၊ ဒီနေ့ အမေများနေ့နော် အမေ ... သားလေ လူ့သဘာဝတရားကြီးအတိုင်း လည်ပတ်ဖို့ကြိုးစားမိလိုက်လို့ အမေ့ဆီနောက်ကျသွားတာကို ခွင့်လွှတ်ပါ အမေ ၊ အမေ မလိုလားသလို အမေ့ထက် ဘယ်သူမှ မေတ္တာတွေ မပိုစေရဘူးလို့ ဒီအပြစ်ကြောင့် သား ယောင်္ကျားကတိပေးပါတယ် ၊ အမေ နေကောင်းနေပါစေ ... သားမိုက်အတွက် ဘာမှမစိုးရိမ်တော့ပါနဲ့ ၊ အမေက သားကို ခလုတ်မထိအောင် တောင်ပံတွေ တပ်ပေးလိုက်တာကို ဘာကြောင့် သား မိုးမမြင်လေမမြင် ပျံသန်းနေမိပါလိမ့် ၊ ဒါပေမဲ့ .. သား အမေ့ရဲ့အိမ်တံခါးကို ခေါက်တဲ့အိပ်မက်တွေ စုထားပြီး အိပ်ရေးပျက်တဲ့ ညတွေပြန်တွက်ကြည့်ရင် သား ပြန်လာဖို့ သိပ်မဝေးတော့ပါဘူး အမေ ၊ သား ခေါင်းရင်းက ဓာတ်ပုံလေးမှာတော့ အမေနဲ့ အနီးဆုံးရှိနေပါတယ်ဗျာ ။ ကျွန်တော် ခုလိုဘလော့ရေးနေနိုင်တာကိုက အမေ့ရဲ့ ကျေးဇူးတွေကြောင့်ပါအမေ ။။။

No comments: