ရောင့်ရဲစို့




အဝေးရောက်နေသူများ အတွက် ...

ဆက်လက်ဖတ်ရှုရန် ...

အမှတ်တမဲ့# ၃


အရက်ဖြစ်ပေါ်လာပုံကို ဖောက်သည်ချရရင် ထုံးစံအတိုင်း ဟိုးရှေ့ရှေ့တုန်းကပေါ့ … သုရာဆိုတဲ့မုဆိုးတစ်ယောက်က သားကောင်ရှာထွက်ရင်း သစ်ပင်တစ်ပင်အောက်မှာ အနားယူခဲ့ပါတယ် ။ အဲ့သစ်ပင်ရဲ့ အလယ်မှာ ခက်မသုံးခုဖြာထွက်နေပြီးတော့ အလယ်မှာ အိုးကြီးတစ်လုံးစာလောက် သစ်ခေါင်းကြီးလည်းဖြစ်နေပါတယ် ။ မိုးတွင်းဆိုရင် သစ်ခေါင်းထဲမှာ မိုးရေတွေပြည့်နေတတ်ပါတယ် ။ အဲ့သစ်ပင်ဘေးမှာ သဖန်းခါးပင် ၊ သျှိသျှားပင် စတဲ့အပင်တွေကလည်း သစ်ပင်ကြီးကို နွယ်တက်နေပါတယ် ။ ဒီတော့ ဒီသစ်ပင်တွေရဲ့ အသီးတွေဟာ သစ်ခေါင်းကြီးထဲကို အလိုအလျောက် ကြွေကျပြီးသား ဖြစ်နေပါတယ် ။ နောက် သစ်ပင်ကြီးရဲ့ ဝန်းကျင်မှာ သလေးစပါးပင်တွေလည်း ရှိနေတာဆိုတော့ ငှက်တွေက သလေးစပါးတွေချီလာပြီး သစ်ကိုင်းတွေပေါ်မှာနားရင်း သလေးစပါးတွေ သစ်ခေါင်းကြီးထဲ ပြုတ်ကျကုန်ပြန်ပါတယ် ။ ဒီလိုနဲ့ နွေရောက်လာတဲ့အခါကျတော့ နေနဲ့ချက်သလို ဖြစ်ပြီး အရောင်ကလည်း အနီရောင်ဖြစ်ကုန်တော့တာပါဘဲ ။

ငှက်တွေက အဲဒီသစ်ခေါင်းထဲက သဘာဝစိမ်ရည်တွေသောက်ပြီး သစ်ပင်ရင်းပြုတ်ကျ ၊ အတန်ငယ် အိပ်ပျော်ပြီးမှ မြူးမြူးထူးထူးနဲ့ ထပျံတတ်ကြပါတယ် ။ ဒီ သစ်ပင်နဲ့ ဒီငှက်တွေနဲ့ ဒီဖြစ်စဉ်တွေက ဒီနေရာမှာ အစဉ်သဖြင့် ဖြစ်နေကြတာပါ ။

သုရာဆိုတဲ့မုဆိုး ရောက်လာတော့လည်း ဒီဖြစ်စဉ်က သူ့သဘာဝအတိုင်း ဖြစ်နေတုန်းပါ ။ သုရာဆိုတဲ့မုဆိုးက ငှက်တွေပြုတ်ကျပြီး ပြန်ထပျံတာတွေ့ရတော့ … ဒါအဆိပ်တော့မဖြစ်နိုင်ဘူး ၊ သောက်ကြည့်ဦးမှပဲ … ဆိုပြီး သောက်ကြည့်ပါတယ် ။ သုရာလည်း ငှက်တွေနည်းတူ မူးယစ်ပြီးအိပ်ပျော်သွားပါတယ် ။ သူ့အတွက် ပိုပြီးအဆင်ပြေနေတာက သစ်ပင်ရင်းပြုတ်ကျလာတဲ့ငှက်တွေက သူ့ရဲ့အမြည်းဖြစ်ကုန်တာပါပဲ ။ သုရာ ဆိုတဲ့မုဆိုးဟာ သစ်ပင်ရင်းမှာပဲ ဒီပုံစံနဲ့ ဇိမ်ကျနေတာကနေ ဒီနေ့အထိ သုရာဆိုတဲ့ အမည်နဲ့ တွင်ကျန်ရစ်နေပါတယ် ။

ဒီလိုနဲ့မုဆိုးက မြို့တက်ပြီးတော့ သဘာဝစိမ်ရည်တွေကို သူတို့ ဘုရင်မင်းမြတ်ဆီ ဆက်ကပ်ရာကနေ ဘုရင်လည်း သဘောကျသွားပြီးတော့ နောက်ဆုံးမှာ မင်းနဲ့ပြည်သူတွေ သုရာဆိုတဲ့အရက် စွဲကုန်ပြီး တစ်တိုင်းပြည်လုံး ဆင်းရဲသွားပါတော့တယ် ။ ဒီလိုနဲ့ နောက်ပိုင်းမှာ ဘုရင်ရဲ့ခွင့်ပြုချက်နဲ့ သစ်ခေါက်သစ်မြစ် ၊ သလေးစပါး ၊ မုံ့ညက်တွေ သုံးပြီး အရက်ချက်ကြပါတယ် ။ ဒီချက်ထားတဲ့ အိုးတွေကို ကြွက်တွေလာမသောက်နိုင်အောင်ဆိုပြီး ကြောင်တွေကို ကြိုးချည်ပြီး စောင့်ခိုင်းထားလိုက်ပါတယ် ။

အရက်တွေဆူဝေလာတော့ ယိုစီးလာတာကို ကြောင်တွေက သောက်ပြီး အိပ်ပျော်ကုန်တာကို သေကုန်ပြီအထင်နဲ့ မုဆိုးချက်တာတွေက အဆိပ်တွေ ဖြစ်ရမယ်ဆိုပြီး ဘုရင်ကိုလျှောက်တော့ ဘုရင်ကသတ်ခိုင်းလိုက်တာနဲ့ မုဆိုးလည်းသေရော ကြောင်တွေက အိပ်ပျော်လာရာကနေ နိုးလာပါတော့တယ် ။ ဒီတော့ ဘုရင်က … ဒါ အလွန်ချိုမြိန်တဲ့ အရာတွေပဲဆိုပြီး မဏ္ဏပ်တွေ ၊ ရာဇပလ္လင်တွေ ၊ ထီးဖြူတွေနဲ့သောက်ဖို့ ပြင်ဆင်တာကို သိကြာမင်းက တွေ့တော့ … မဖြစ်ချေဘူး ငါသွားတားမှ … ဆိုပြီး ပုဏ္ဏားယောင်ဆောင် ၊ အရက်တစ်အိုးကို လက်ကကိုင် ဘုရင့်ဆီ အရက်သွားရောင်းပါတယ် ။ ဘယ်လိုရောင်းခဲ့သလဲဆိုတော့ … အရှင်မင်းကြီး ဒီအရက်အိုးကို ဝယ်တော်မူပါ …

… ဒီအရက်က ထောပတ်လည်းမဟုတ်ပါ ၊ တင်လဲမဟုတ်ပါ ၊ ပျားရည်လည်း မဟုတ်ပါ ၊ ဒါကိုသောက်ရင်

၁ ။ လမ်းသွားတိုင်းယိမ်းယိုင်လဲကျတတ်ပါတယ် ။

၂ ။ မစားသင့်တဲ့အစာကိုလည်းစားမိပါတယ် ။

၃ ။ စိတ်အစိုးရဖြစ်တတ်ပါတယ် ။

၎ ။ ကိုးကွယ်ရာမရှိသူလို ဟိုဟိုဒီဒီသွားလာတတ်ပါတယ် ။

၅ ။ သီချင်းလည်းအော်ဆိုတတ်ပါတယ် ။ က , လည်းကတတ်ပါတယ် ။

၆ ။ တက္ကတွန်းလို အဝတ်မဝတ်ဘဲသွားလာတတ်ပါတယ် ။

၇ ။ တွေတွေဝေဝေနဲ့ အကြာကြီးလည်း အိပ်တတ်ပါတယ် ။

၈ ။ လက်တုန်ခြေတုန် ဖြစ်တတ်ပါတယ် ။

၉ ။ မီးလောင်သလို ပူပူလောင်လောင်နဲ့ အိပ်ရတတ်ပါတယ် ။

၁၀ ။ သူတစ်ပါးတို့ရဲ့ ထိုးကြိတ်ခြင်းကိုလည်း ခံရတတ်ပါတယ် ။

၁၁ ။ လူအများရှေ့မှာလည်း မပြောသင့်တဲ့စကားကိုလည်း ပြောတတ်ပါတယ် ။

၁၂ ။ ကိုယ့်အန်ဖတ်တွေနဲ့ကိုယ် အိပ်ရတတ်ပါတယ် ။

၁၃ ။ ငါ့လောက်မိုက်တဲ့သူ မရှိဘူးလို့လည်း ကြွေးကြော်တတ်ပါတယ် ။

၁၄ ။ မျက်စိတွေလည်း နီလာတတ်ပါတယ် ။

၁၅ ။ လိုအပ်တာထက်ပိုပြီး မာန်တက်တတ်ပါတယ် ။

၁၆ ။ ငြင်းလည်းငြင်းခုံတတ်ပါတယ် ။

၁၇ ။ ရုပ်ရည်အဆင်းတွေလည်း တဖြည်းဖြည်းလျော့လျော့လာပြီး အိုလွယ်တတ်ပါတယ် ။

၁၈ ။ သူခိုးတွေရဲ့နေရာဒေသကိုလည်း ရောက်တတ်ပါတယ် ။

၁၉ ။ စည်းစိမ်ဥစ္စာတွေလည်း ကုန်တတ်ပါတယ် ။

၂၀ ။ မိဘ ၊ ယောက္ခမ စသည်ကိုလည်း ဆဲရေးမိတတ်ပါတယ် ။

၂၁ ။ ချွေးမစသည်ကိုလည်း မှားယွင်းပြီး ကိလေသာဖြစ်တတ်ပါတယ် ။

၂၂ ။ မိန်းမရဲ့ ဆဲရေးခြင်းကိုလည်း ခံရတတ်ပါတယ် ။

၂၃ ။ ရဟန်း ၊ ပုဏ္ဏား စသည်တို့ကိုလည်း ရိုက်ပုတ်မိတတ်ပါတယ် ။

၂၄ ။ ငွေပေးပြီး မဟုတ်မမှန်ထွက်ဆိုဖို့ သက်သေလိုက်ခိုင်းခံရတတ်ပါတယ် ။

၂၅ ။ တစ်ခုခုခိုင်းလိုက်ရင်လည်း လေးဖင့်နေတတ်ပါတယ် ။

၂၆ ။ မြေကြီးပေါ်မှာလည်း အိပ်တတ်ပါတယ် ။။

အရှင်မင်းကြီး ကျွန်ုပ်လက်ထဲမှာရှိတဲ့အရက်က အဲဒီလိုစွမ်းအင်တွေ ရှိပါတယ် ဝယ်တော်မူပါ … လို့လျှောက်လိုက်တော့ သတိတွေပြန်ဝင်လာပြီး အရက်အိုးအားလုံးကို ရိုက်ခွဲခိုင်းလိုက်ပါတော့တယ် ။

အရက်မသောက်ဘဲနေတာဟာ ကိုယ်တစ်ယောက်ထဲတင် အကျိုးရှိတာ မဟုတ်ပါဘူး ၊ ကိုယ့်မိသားစု ၊ ကိုယ့်ပတ်ဝန်းကျင် ၊ ကိုယ့်နိုင်ငံအတွက်ပါ အကျိုးရှိတာပါ ။ ကျွန်တော်တို့တွေ မကောင်းတာတစ်ခု ပြုတော့မယ်ဆိုရင် ကိုယ့်အမျိုး ၊ ကိုယ့်အရွယ် ၊ ကိုယ့်ပညာ ၊ ကိုယ့်ရာထူးလေးကို သတိရလိုက်ရင် အလိုလိုတန့်သွားမှာပါ ။ လူငယ်တစ်ယောက်က တိုင်းပြည်နဲ့လူမျိုးကို တကယ်ချစ်တယ် ၊ တိုင်းပြည်နဲ့ လူမျိုးရဲ့အကျိုးကို ဆောင်ရွက်ချင်တဲ့စိတ် တကယ်ရှိတယ်ဆိုရင် အသက်တိုမယ့် ကိစ္စတွေကို ငယ်ငယ်ကတည်းက ရှောင်ရှားသင့်ပါတယ် ။

  • အရက်တစ်မျိုးမျိုးဖြစ်မယ် ၊
  • သောက်စားလိုတဲ့စိတ်ရှိမယ် ၊
  • သောက်လိုက်မယ် ၊
  • မူးယစ်သွားပြီဆိုရင်တော့ ။။။

ဆက်လက်ဖတ်ရှုရန် ...

သြဝါဒ # ၁

When wealth is lost ,

Nothing is lost .



When health is lost ,

Something is lost ,



When character is lost ,

All is lost .

_ The saying of the wise





ပစ္စည်းဥစ္စာဆုံးရှုံးတယ်ဆိုတာ

ဘာတစ်ခုမျှဆုံးရှုံးတာ မဟုတ်ပါဘူး ။

ကျန်းမာရေးချို့ယွင်းတယ်ဆိုတာကတော့

ဆုံးရှုံးတာတစ်ခုပေါ့ ။

အကျင့်သိက္ခာမကောင်းတာကတော့

သွားပြီ ။။။
_ ပညာရှိစကား








ဆက်လက်ဖတ်ရှုရန် ...

အမှတ်တမဲ့ # ၂

ရေချိုးကန်ထဲမှာ ရေချိုးရင်း အာခီမိဒိ တွေ့ရှိခဲ့တဲ့ မဟာ တွေ့ရှိချက် ဆိုတာ ဘာများပါလိမ့် ။


အာခီမိဒိ ကို ဘီစီ ၂၈၇ မှာ ဖွားမြင်ခဲ့ပါတယ် ။ သူက သချာင်္နဲ့သိပံပညာရှင်တစ်ဦး ဖြစ်ပါတယ် ။ အာခီမိဒိနိယာမလို့ ကျော်ကြားလှတဲ့ သူ့ရဲ့တွေ့ရှိချက်တွေကြောင့် သူ့ကို မေ့မရနိုင်ဘဲ သတိတရဖြစ်နေကြတာပါ ။ အလေးချိန်ရှိတဲ့ အရာဝတ္ထုတွေကို အရည်ထဲနှစ်လိုက်တဲ့အခါမှာ လျော့သွားတဲ့ အလေးချိန်က အဲ့ဒီအရာဝတ္ထုတွေကနေ ဖယ်ထုတ်လိုက်တဲ့ အရည်ရဲ့ အလေးချိန်နဲ့ တူပါတယ် ။
အာခီမိဒိက ရေကန်ထဲမှာ ရေချိုးနေတုန်း ဒီလိုစတင်တွေးဆ သိရှိလိုက်တာပါ ။ အဲလို သိလိုက်တဲ့အချိန်မှာ သူက အလွန်ကို စိတ်လှုပ်ရှားသွားခဲ့ပါတယ် ။ ဒါကြောင့် ရေချိုးကန်ထဲမှာ ဝတ်လစ်စလစ်ရေချိုးနေတဲ့ ပညာရှင်ကြီး အာခီမိဒိက လမ်းပေါ်မှာ ပြေးထွက်ပြီးတော့ … ငါသိပြီဟေ့ ၊ ငါတွေ့ပြီဟေ့ … ဆိုပြီး ဟစ်ကြွေးနေခဲ့တယ်ဆိုလားပဲ ။





ဒိုင်းနမိုက် ယမ်းဘီလူးကို တီထွင်ပြီး သူ့ပိုက်ဆံတွေကို ငြိမ်းချမ်းရေးအတွက် သုံးဖို့ထားခဲ့တာ ဘယ်သူလဲ ။


ဆွီဒင်ဓာတုဗေဒပညာရှင် အဲလ်ဖရက်နိုဘယ်က ၁၈၆၇ ခုနှစ်တုန်းက ယမ်းဘီလူးကို တီထွင်ခဲ့ပါတယ် ။ ၁၈၇၅ ခုနှစ်မှာ ဂျဲလင်နိုက် ကို တီထွင်ခဲ့ပါတယ် ။
သူ့ရဲ့ အစောပိုင်းကာလတုန်းက ဓာတ်ခွဲခန်းမှာ စမ်းသပ်နေတုန်း ပေါက်ကွဲမှုဖြစ်လို့ သူ့ညီငယ်တစ်ဦးနဲ့ အလုပ်သမားလေးဦး သေဆုံးခဲ့ကြပါတယ်။ ကုန်ထုတ်လုပ်ငန်းတွေမှာသုံးဖို့ ဖောက်ခွဲရေး ပစ္စည်းကိုတီထွင် ရောင်းချပြီးတော့ သူက ဧရာမငွေတွေ အမြောက်အမြားရအောင် ဖန်တီးနိုင်ခဲ့ပါတယ် ။ နိုဘယ်ဆုလို့ ခေါ်တဲ့ ဆုကို နှစ်စဉ်ဆုချပြီး ငွေတွေ အမြောက်အများပါ ဆုချနိုင်အောင် သူ့ကိုယ်ပိုင် ငွေတွေကို ချန်ရစ်ထားခဲ့ပါတယ် ။ နိုဘယ်ဆုအနေနဲ့ ရူပဗေဒ ၊ ဓာတုဗေဒ ၊ စီးပွားရေး ၊ လူမှုရေး ၊ ဆေးပညာ ၊ စာပေ နဲ့ ငြိမ်းချမ်ရေးတွေမှာ ထွန်းတောက် အောင်မြင်အောင် စွမ်းဆောင်နိုင်သူတွေ အတွက် နှစ်စဉ် ချီးမြှင့်ပေးပါတယ် ။





ချောကလက်ဆိုတာ ဘယ်နယ်ကလာတာလဲ ။


ချောကလက်လုပ်တဲ့ အဓိကကုန်ကြမ်းက ကိုကိုးပင်ကသီးတဲ့ ကိုကိုးစေ့လေးတွေ ဖြစ်ပါတယ် ။ ကိုကိုးသီးက ဖရဲသီး အသေးစားလေးတွေလိုပါပဲ ။ အသီးတစ်ခုမှာ အစေ့ ၄၀ ပတ်ဝန်းကျင် ပါရှိပါတယ် ။ သူတို့ကို အခြောက်လှန်း ၊ မီးကင်ပြီးတော့ အမှုန့်ဖြစ်အောင် ထောင်းပေးရပါတယ် ။ The Aztecs အဲဇက်ထဲခ်စ် လူမျိုးတွေက အရသာမရှိတဲ့ မချိုတဲ့ ချောကလက်အရည်တွေကို သောက်ကြပါတယ် ။ ဝိုင်နဲ့ မွှေးမြတဲ့ ငရုတ်ကောင်းချိုတွေကို ရောစပ်ပြီးတော့ တစ်ခါတစ်ရံမှာ သောက်ကြပြီး ၁၉ ရာစု အလယ်လောက်ရောက်တော့ ကိုကိုးမှုန့် ၊ ကိုကိုးထောပတ် ၊ သကြားနဲ့ နွားနို့တွေကို ရောစပ်ပြီး ဥရောပတိုက်မှာ ချောကလက်တောင့်တွေ ထုတ်လုပ်ခဲ့ကြပါတယ် ။





ဧဝရတ်တောင်ပေါ်ကို ဘယ်သူတွေ စတက်ခဲ့သလဲ ။


ကမ္ဘာပေါ်မှာပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ဆုံးတောင်ဟာ ဧဝရတ်တောင်ဖြစ်ပါတယ် ။ ဟိမဝန္တာတောင်တန်းရဲ့ တောင်ထွဋ်ဖြစ်ပါတယ် ။ အဲဒီတောင်က ၈၈၄၉ မီတာ ( ၂၉၀၃၀ ) ပေမြင့်ပါတယ် ။ တောင်ထိပ်မှာရှိတဲ့ ရေခဲတွေ အရည်ပျော်တာ ခဲတာပေါ် မူတည်ပြီး အတိုင်းအတာအနည်းငယ်တော့ ကွားခြားမှာပါ ။ ၁၉၅၃ ခုနှစ်မှာ ဆာအက်ဒမန် ဟီလာရီ ၊ ရှာပါ နဲ့ တဲဆင်းနော်ဂေး တို့က ပထမဆုံး အဲဒီတောင်ပေါ်ကို တက်ရောက်ခဲ့သူတွေ ဖြစ်ခဲ့ပါတယ် ။ သူတို့က တောင်ပေါ်မှာ ဗြိတိန် ၊ နီပေါ ၊ အိန္ဒိယနဲ့ ကုလသမဂ္ဂ အလံတွေကို စိုက်ထူထားခဲ့ကြပါတယ် ။

ဆက်လက်ဖတ်ရှုရန် ...

Happy Wordless Thursday ( Valentine's Day ) !!!

ဟာသ တစ်ခုကို ရင်တွင်းကနေ လှိုက်လှိုက်လှဲလှဲ ရယ်မောခြင်းဟာ အသက် ၇ မိနစ် ပိုရှည်စေတယ်လို့ ဆေးပညာရှင် အချို့ ပြောတာကို ကျွန်တော်မှတ်သားဖူးပါတယ် ။ ဒါ့အပြင် ပြေပြေလည်လည် ဆိုတဲ့ ဗွီဒီယိုဇာတ်ကားထဲမှာ မင်းသားကြီး အောင်လွင်ပြောခဲ့တဲ့ စကားလေးကိုလည်း အထူးသဘောကျမိပါတယ် ။ သူက ... ကျန်းမာပြီးအသက်ရှည်မှ အကြာကြီး ချစ်လို့ရမှာ ... လို့ပြောခဲ့ပါတယ် ။ ဒါ့ကြောင့် ကိုယ့်ရဲ့ချစ်ခင်သူတွေကို အသက်ရှည်စေလိုပါတယ် ။ တစ်နည်း အကြာကြီးချစ်စေလိုပါတယ် ။ ဟာသတစ်ခုကို ရယ်မောရင် အသက် ၇ မိနစ်ခန့်ပိုရှည်တယ်ဆိုရင် ဟာသ ၁၀ ခုဆိုရင် မိနစ် ၇၀ တောင် ပိုပြီး အသက်ရှည်လာနိုင်ပါတယ် ။ မှန်ရင်လည်းမှန် ၊ မှားရင်လည်းမှား ရယ်မောရတဲ့ ခဏတော့ အမောပြေ ၊ အပန်းပြေဖြစ်ပြီး စိတ်ရွှင်လန်းစေမှာ အမှန်ပါဘဲ ။ ချစ်တတ် ခင်တတ် သူတွေကို ရယ်မောစေလိုပါတယ် ။ တစ်နည်း အမောအပန်းတွေ ပြေပျောက်စေလိုပါတယ် ။ ဒါ့ကြောင့် ချစ်သူများနေ့မှာ ချစ်သူဖြစ်နေကြတဲ့သူတွေ အတွက် မြန်မာ့သွေးအဖွဲ့ကနေ ဟာသလေးတွေ စုစည်းပေးထားတာကို သူငယ်ချင်းတစ်ယောက်က မေးလ် ကနေပို့လိုက်လို့ ဝေမျှလိုက်ပါတယ် ။ ပျော်ရွှင်နိုင်ကြပါစေ ဗျာ …





ချစ်အဓိပ္ပါယ်

Love ( အချစ် ) ဟူသည် …

L ,,, Lake of sorrow ( ဝမ်းနည်းပူဆွေးရေအိုင် )

O ,,, Ocean of tears ( မျက်ရည်သမုဒ္ဒရာ )

V ,,, Valley of death ( မရဏတောင်ကြား )

E ,,, End of live ( ဘဝနိဂုံး ) ပါတဲ့ ။။။



တုံးလို့ကြိုက်

ဧဒင်ဥယျာဉ်တွင် ဖြစ်သည် ။

အာဒမ်က ဘုရားသခင်ကို မေး၏ ။

… ဘာကြောင့်များ ဧဝကို သိပ်လှအောင် ဖန်တီးခဲ့ရတာလဲ ဘုရား …

… မင်းအာရုံစိုက်မိအောင်လို့ …

… ဘာကြောင့်များ ဧဝကို သိပ်ချိုသာအောင် ဖန်တီးခဲ့ရတာလဲ ဘုရား …

… ဒါမှ မင်း သူ့ကို ချစ်မိမှာပေါ့ …

ဤအချက်ကို အာဒမ်က ခေတ္တမျှ စဉ်းစား၏ ။

… ဒါဖြင့် ဘာကြောင့်များ ဧဝကို သိပ်တုံး သိပ်အ အောင် ဖန်တီးခဲ့ရတာလဲ ဘုရား …

… ဒါမှပဲ မင်းကို ကြိုက်တော့မှာပေါ့ကွာ … ဟူသတည်း ။။။




လှောင်တာလေလား

ပန်းခြံတစ်ခုအတွင်း ချစ်သူနှစ်ဦး ချစ်စကားလေးတွေ တီတီတာတာပြောနေတာပေါ့ ။

… ဟိုအရင်ကလေ မောင်က တစ်ယောက်တည်း သီးသန့်နေရတဲ့ဘဝကို သိပ်မြတ်နိုးတာ ၊ အခုတော့ မောင့်စိတ်တွေ ပြောင်းလာရပါပြီ ။ မောင့်အတွက် သစ္စာရှိတဲ့ အဖော်တစ်ယောက်ကို လိုချင်လာပြီ ။ အလုပ်ကနေ အိမ်ကိုပြန်လာပြီဆိုတာနဲ့ ကြိုနေမဲ့ သူတစ်ဦးဦး ရှိနေစေချင်ပြီ ။ အင်မတန်ချစ်တဲ့ မျက်လုံးအစုံနဲ့ မောင့်ကို ကြည့်မယ့်တစ်စုံတစ်ဦးကို ပိုင်ဆိုင်ချင်လာတယ် …

မိန်းကလေးက ပြုံးပြီး ချက်ချင်းပြန်ပြော၏ ။

… လာမောင် ၊ ခင်တို့ အိမ်မွေးတိရိစ္ဆာန်ဆိုင်သွားပြီး ခွေးလေးတစ်ကောင် သွားဝယ်ကြမယ်နော် … တဲ့ ။။။



ရေလာမြောင်းပေး

… ရှင်ကျွန်မကို နမ်းနေတာ ဖေဖေမမြင်စေနဲ့နော် …

… ကိုယ် မင်းကို မနမ်းရသေးပါလား …

… ဟုတ်ပါတယ် ၊ တကတည်းမှပဲ … နမ်းမယ်ဆိုရင် ပြောတာပေါ့ … ။။။



ဟိုတယ်နှလုံးသား

… ကျွန်မမှာ ဟိုတယ်လိုနှလုံးသားရှိပါတယ်နော် …

… ဘာကိုပြောတာလဲဟင် ၊ ကျွန်တော်နာမလည်ဘူး …

… နောက်တစ်ယောက်အတွက် အမြဲတမ်း အခန်းရှိနေတယ်လေ … ။။။



မရိုက်ပေါင်ရှင်

ခင်ပွန်း ။ ။ မင်းကို ဟိုငနဲက ရည်းစားစကားလိုက်ပြောတာ ဘာလို့ငြိမ်ခံခဲ့ရတာလဲ ။

ပါးဆွဲပြီး ရိုက်လိုက်ပါလား ။

ဇနီး။ ။အိုတော် ၊ မရိုက်နိုင်ပါဘူး ။ အပျိုလို့ အထင်ခံရ နည်းသလားရှင့် ။။။



အိုကွယ် … ရှက်လိုက်တာ

စစ်သားလေးက သူ့ချစ်သူကို စစ်စခန်းတစ်ခုဆီသို့ အလည်ခေါ်သွား၏ ။ သူတို့ရောက်ပြီး မကြာမီ ရိုင်ဖယ်တပ်သားများ သေနတ်ပစ်လေ့ကျင့်နေသော နေရာသို့ ကူးသွားကြ၏ ။ မမျှော်လင့်ဘဲ ကျယ်လောင်သော သေနတ်ပစ်သံများကို ကြားလိုက်ရသည့်အခါ ချစ်သူမိန်းကလေး တုန်လှုပ်လန့်ဖျပ်ကာ စစ်သားလေး၏ ရင်ခွင်ထဲသို့ ပြေးဝင်မိ၏ ။

သူတို့နားမှ စစ်သားများ ပြုံးကြလေ၏ ။ ချစ်သူမိန်းကလေး အတော်ရှက်သွားကာ စစ်သားလေး၏ ရင်ခွင်မှ ရုန်းထွက်လိုက်၏ ။

… ဒီလောက်ကို လန့်သွားမယ်လို့ မထင်မိဘူး ၊ ရှက်လိုက်တာကွယ် …

ထိုတွင် စစ်သားလေးက ပြုံးစိစိနှင့် ဆက်ပြောလိုက်၏ ။

… ကဲ အချစ် ၊ ကိုယ်တို့ လက်နက်ကြီးတွေ လေ့ကျင့်နေတဲ့နေရာ သွားကြည့်ရအောင် … တဲ့ ။။။



ပုံမှန်အနေအထား

… ဟဲ့ .. နင့်ချစ်သူက နင့်ကို နမ်းတဲ့အခါ သူ့မျက်နှာ ဘယ်လိုဖြစ်နေသလဲ ၊ ပြောပြစမ်းပါ ဟယ် …

… ဘယ်သိမှာလဲ ၊ ငါက အနမ်းခံရတိုင်း မျက်စိကို စုံမှိတ်ထားတာဟဲ့ …



အဖျားရှူးဇာတ်သိမ်း

ပရိဘောဂဆိုင်ကြီးတစ်ခုကို ပိုင်သူတစ်ဦးသည် ပြန်လည်ရောင်းချဖို့ ပရိဘောဂများဝယ်ယူရန် နယူးယောက်သို့ ရောက်လာခဲ့လေသည် ။

သူတည်းသော ဟိုတယ် ဓာတ်လှေခါးထဲ၌ တစ်နေ့တွင် တကယ်လှ တကယ်ချောသော မိန်းမပျိုလေးတစ်ဦးနှင့် တွေ့ရ၏ ။မိန်းမပျိုလေးက ပြင်သစ်မလေးဆိုတော့ တစ်ယောက်ဘာသာစကားကို တစ်ယောက်နားမလည် ။

ထို့ကြောင့်သူက မှတ်စုစာအုပ်လေးကို ထုတ်ပြီး အငှားကားတစ်စီးကို ပုံဆွဲပြလိုက်လေ၏ ။ ကောင်မလေးက ခေါင်းညိတ်၏ ။ ထို့နောက် သူတို့အငှားကားတစ်စီးကိုငှားကာ အတူစီးပြီး စားသောက်ဆိုင်တစ်ခုသို့ သွားကြလေ၏ ။

စားသောက်ဆိုင်တွင် စားသောက်နေကြရင်း သူဌေးကြီးထံမှ စာရွက်ပေါ်တွင် ကနေသည့် ပုံတစ်ခုဆွဲပြရာ ကောင်မလေးက သဘောတူခေါင်းညိတ်သဖြင့် သူတို့တွေ အတူကကြလေ၏ ။ ကောင်မလေးခမျာ သူဌေးကြီးကို အတော်သဘောကျသွားလေ၏ ။

ထို့နောက် သူတို့နှစ်ဦး ဝိုင်အတူသောက်ကြ၏ ။ ထိုအချိန်တွင် ကောင်မလေးက သူဌေးကြီးထံမှ စာရွက်နှင့်ဘောလ်ပင်ကို တောင်းကာ ခုတင်ပုံတစ်ခုကို ဆွဲပြလိုက်၏ ။

ထိုပုံကိုမြင်သောအခါ သူဌေးကြီးမှာ အံ့သြစိတ်နှင့်အတူ ပါးစပ်ကပင် ထွက်၍ ယောင်မိသည်ဟူ၏ ။ သူဌေးကြီးယောင်လိုက်သည်ကား …

… ဟာ ၊ တော်လိုက်တဲ့ပြင်သစ်မပဲ ၊ ငါပရိဘောဂ ရောင်းတယ်ဆိုတာ သူဘယ်လိုသိလဲ မသိဘူး … တဲ့ ။ ကဲ .. မှတ်ရော ဗျာ ။။။



ဆက်လက်ဖတ်ရှုရန် ...

မြန်မာဆိုရိုးစကားများ # ၁

ကျွေးတုံ့ကျွေးလှည့် ၊ မွေးတုံ့မွေးလှည့် ။ ။


မိဘသည် သားသမီးကို ကျွေးမွေးပြုစုရသကဲ့သို့ သားသမီးက မိဘကို အတုံ့အလှည့် ပြန်လည်လုပ်ကျွေးပြုစုရသည် ။ မိဘနှင့်သားသမီးတို့သည် အတုံ့အလှည့်ရှိကြလေရာ မိဘတို့က လုပ်ကျွေးပြုစုရ၍ သားသမီးတို့က မပြုစုဘဲ လျစ်လျူရှု၍နေလျှင် ဝတ္တရားပျက်စီး၏ ။



ခါးပုံတင် လူယဉ် ၊ ခါးပုံထိုး လူရိုး ၊ ခါးတောင်းကျိုက် လူမိုက် ။ ။

မြန်မာဇာတ်သဘင် ၊ ရုပ်သေးသဘင်တို့၌ မင်းသားများသည် လူယဉ်ကျေးဟန် သရုပ်ဆောင်ရသည့်အခါ ခါးပုံစကို ပခုံးထက်တင်၍ ဝတ်သည်၊ လူရိုးဟန် သရုပ်ဆောင်ရသည့်အခါ ခါးပုံထိုး ဝတ်သည်၊ လူကြမ်းဟန် သရုပ်ဆောင်သည့်အခါ ခါးတောင်းကျိုက်သည်။



ငရုတ် တစ်လှမ်း ၊ ခရမ်း တစ်ခုန် ။ ။

ငရုတ် စိုက်ရာတွင် တစ်ပင်နှင့်တစ်ပင် ခြေတစ်လှမ်းစာခန့် ခွာ၍ စိုက်ရပြီး ၊ ခရမ်းပင် စိုက်ရာတွင် တစ်ပင်နှင့်တစ်ပင် တစ်ခုန်စာခန့် ခွာ၍ စိုက်ရသည် ။ ဒါမှ အပင်လည်းကြီး ၊ အသီးလည်း ထွားတတ်ပါတယ် ။



ငါနှင့်ငါသာ နှိုင်းစရာ ။ ။

မာန်တက်နေသူသည် မိမိနှင့် နှုင်းယှဉ်လောက်သည့် ပုဂ္ဂိုလ် မရှိဟု ကိုယ့်ကိုကိုယ် ထင်တတ်သည် ။


ကုန်ရှုံးလျှင် တစ်ခေါက် ၊ လင်ကုန်ရှုံးလျှင် တစ်သက်လုံးမှောက် ။ ။

ကုန်သွယ်၍ ကုန်ရှုံးလျှင် တစ်ခေါက်သာ ရှုံးသည် ၊ တစ်ကြိမ်ကြိမ်တွင် အမြတ်ပြန်ရနိုင်သေးသည် ။ အိမ်ထောင်ဖက်အရွေးမှားလျှင်ကား တစ်သက်လုံး ဒုက္ခတွေ့ရတတ်သည် ။
အိုးအိမ်တည်ထောင်မှုအရေးကိစ္စတွင် ကုန်ရှုံးလျှင် တစ်ခေါက် ၊ လင်ကုန်ရှုံးလျှင် တစ်သက်လုံးမှောက် ဆိုသည့်စကားအတိုင်း ယောင်္ကျားများထက် မိန်းမများမှာ ဆင်ခြင်တုံဥာဏ်သွားနှင့် ပိုမို၍ စဉ်းစားပြီး ပြုသင့်လေ၏ ။

ဆက်လက်ဖတ်ရှုရန် ...

အမှတ်တမဲ့ # 1

ဂျင်း အဝတ်အစားတွေကို ဘယ်သူတီထွင်ခဲ့သလဲ ။

ဂျင်း အဝတ်အစားကို သင်္ဘောသား အော်စကာ လဲဗီး စထရပ်စ်ဆိုသူက ဆန်ဖရန်စစ္စကိုမြို့မှာ ၁၈၅၀ ပြည့်နှစ်က စတင်ခဲ့တာဖြစ်ပါတယ် ။ ဂျင်း ဆိုတဲ့ ဝေါဟာရက မာကျောတဲ့ပိတ်စလို့ ကျွန်တော် ဂျင်းဂျက်ကတ်လေးက ထင်ပါတယ် ။ ဒီပိတ်စကို ဂျင်နိုရာမြို့မှာ ပထမဆုံး စတင် ထုတ်လုပ်ခဲ့ပါတယ် ။ ဂျင်းရဲ့ နဂိုအရောင်က အညိုရောင်ပါ … အခု ကျွန်တော်တို့ ဝတ်နေကြတဲ့ ဂျင်းကတော့ အပြာရင့်ရောင်ပေါ့ဗျာ ။




ဘာကြောင့် ပန်းပွင့်တွေ ရနံ့လှိုင်နေရတာလဲ ။

တချို့ပန်းပွင့်တွေက လူတွေကို ထုံသင်းတဲ့ မွှေးရနံ့တွေပေးတယ် ။ တချို့ ပန်းပွင့်တွေကတော့ လူတွေကို အော်ဂလီဆန်တဲ့ ရနံ့တွေပေးတယ် ။ သည်လို ပန်းရနံ့တွေ ပြယ်ရ ၊ ယိုယွင်းရတဲ့အကြောင်းကတော့ ယင်ကောင်တွေ ( တခါတရံ လင်းနို့တွေ ) ရဲ့ ဝတ်မှုန်ကူးတာကို ခံရလို့ပါပဲ ။

တချို့ အင်းဆက်ပိုးကောင်တွေက ရနံ့သင်းပျံ့နေတဲ့ ပန်းပွင့်တွေရဲ့ ပန်းဝတ်မှုန်လေးတွေကို စားသုံးဖို့ ၊ မွှေးမြချိုသင်းတဲ့ ပန်းဝတ်ရည်တွေကို စုပ်ယူဖို့ လှည့်လာကြတယ် ။ သည်ပိုးကောင်လေးတွေက ပန်းပွင့်တစ်ပွင့်မှ နောက်တစ်ပွင့်ပြီးတစ်ပွင့် ကူးလူးဝဲပျံစားသုံးကြတယ် ။ အဲဒါကြောင့် ဝတ်မှုန်တွေပျံ့လွင့် သွားနေတာပါ ။သည်လို ဝတ်မှုန်ကူးတာကြောင့် အစေ့တွေ သန္ဓေအောင်ပြီး နောက်လာမယ့် ရာသီမှာ ပန်းပွင့်တွေ ပေါ်ပေါက်လာတာပါ ။



ရေအောက်မှာ ပျံနိုင်တာက ဘယ်လိုငှက်မျိုးလဲ ။

အဟား ... အချိုးအချိတ်မကျ ရယ်စရာကောင်းလှတဲ့ ဖြစ်ရပ်ဆန်း ပိုင်ရှင်ကတော့ မြေကြီးပေါ်မှာ မပျံနိုင်တဲ့ ပင်ဂွင်းငှက်ပါ ။ ရေထဲမှာ သူက လျင်မြန်တဲ့အဟုန်နဲ့ ပျော်မြူးစွာ ပျံသန်းနိုင်ပါတယ် ။



ကြက်တူရွေးတွေ အိပ်တန်းပေါ်မှာ အိပ်တော့ ဘယ်လိုအိပ်နေသလဲ ။

ငှက်တိုင်းမှာ လမ်းလျှောက်တဲ့အခါ ခြေထောက်တွေ ဆန့်စေပြီး အားပြုပေးတဲ့ အရွတ်တွေရှိပြီး သူတို့ အိပ်တန်းတက်ချိန်မှာ အရွတ်တွေကို တင်းနေအောင် ကျုံ့ဆွဲထားကြပါတယ် ။ အဲ့လို အရွတ်တွေ တင်းကျုံ့လာတဲ့အခါ အိပ်တန်းကို သူတို့ခြေချောင်းလေးတွေနဲ့ ကွေးကုတ်ထားပြီး ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားစေဖို့ ဖန်တီပေးသလို ဖြစ်သွားတာပါ ။



ပျားတိုင်း တုပ်ကြသလား ။

ပျားမတွေပဲ တုပ်နိုင်ကြတာပါ … သူတို့ရဲ့ ဝမ်းဗိုက်အဆုံးမှာ ဆူးချွန်တစ်ချောင်းရှိပါတယ် ။ အဲဒီ ဆူးချွန်လေးက အတုပ်ခံရသူရဲ့ အသားမှာ စိုက်ကျန်ခဲ့ရင်တော့ အဲဒီ တုပ်လိုက်တဲ့ ပျားက နောက်ထပ် မတုတ်နိုင်တော့ပါဘူးတဲ့ဗျာ ။



အာကာသထဲ ပထမဆုံးရောက်ခဲ့တဲ့ လူသားက ဘယ်သူလဲ ။

၁၉၆၁ ခုနှစ် ဧပြီလ ၁၂ ရက်နေ့မှာ အာကာသထဲ ပထမဆုံးဝဲပျံခဲ့တဲ့ ပထမဆုံးလူသားက ရုရှဗိုလ်မှုး ယူရီအလက် ဇဲရီဗစ်ခ်ဂါဂါရင် ဖြစ်ပါတယ် ။ ကမ္ဘာကို ပြန်လည်မဆင်းခင် သူ့အာကာသယာဉ် ဗော့စတော့ခ်နဲ့ ၁၀၈ မိနစ်ကြာအောင် ကမ္ဘာကို ပတ်ခဲ့ပါတယ် ။

၁၉၆၈ ခုနှစ် ၃၄ နှစ်အရွယ်မှာ MIG ဂျက်လေယာဉ်ပျံကို လေ့ကျင့်ပျံသန်းနေရင်း ပျက်ကျပြီး ကွယ်လွန်သွားခဲ့ပါတယ် ။



စက္ကူကို ဘယ်သူက စတင်တီထွင်ခဲ့သလဲ ။

စက္ကူကို နကျယ်ကောင်တွေက စတင်လုပ်ခဲ့တယ်လို့ ဆိုထားပါတယ် ။ သူတို့တွေက အသိုက်ဆောက်ဖို့ သစ်ကိုင်းအစအနလေးတွေကို ဝါးစားပြီး ထွေးထုတ်တော့ စက္ကူတွေ ဖြစ်လာတာပါ ။

ရှေးဟောင်း အီဂျစ်လူမျိုးတွေက ကျူရိုးပင်တွေကနေ စက္ကူကို ဖန်တီးခဲ့ပါတယ် ။ စက္ကူလုပ်တဲ့ ပါပီရပ်စ်လို့ခေါ်တဲ့ ကျူရိုးပင်တွေကို အစွဲပြုပြီး Paper စက္ကူလို့ အမည်တွင်နေတာပါ ။

နှစ်ရာစုအတွင်းမှာ တရုတ်လူမျိုးတွေက ထုတ်ကုန်ပစ္စည်း တစ်ခုအနေနဲ့ အစောဆုံး စက္ကူတွေထုတ်လုပ်ခဲ့ကြပါတယ် ။ ဝါးမျှင်တွေကို ထုတ်ယူပြီး ထုထောင်းတယ် ။ ပြီးတော့ ပျော့ဖတ်လုပ်ထားပြီး အခြောက်ခံလိုက်တဲ့အခါ စက္ကူဖြစ်သွားပါတယ်တဲ့ ။

ဆက်လက်ဖတ်ရှုရန် ...

Weightiest and noblest of them all are the words of Buddha .

လောကမှာ တာဝန်တွေ ရှိပါတယ် ။ တာဝန်ကျေတဲ့သူဟာ ကျက်သရေ ရှိပါတယ် ။ တာဝန်မကျေတဲ့သူဟာ ကျက်သရေမရှိပါဘူး … ဒါ ဘုရားဟော ပါ ။

အဖေက အဖေတာဝန်ကျေရင် အဖေကျက်သရေ ရှိတယ် ။ အမေက အမေတာဝန်ကျေရင် အမေကျက်သရေ ရှိတယ် ။ သားက သားတာဝန်ကျေရင် သားကျက်သရေ ရှိတယ် ။ သမီးကလည်း သမီးတာဝန်ကျေရင် သမီးကျက်သရေ ရှိမယ် ။ ဆရာက ဆရာတာဝန်ကျေရင် ဆရာကျက်သရေ ရှိတယ် ။တပည့်က တပည့်တာဝန်ကျေရင် တပည့်ကျက်သရေ ရှိတယ် ။ ဆိုလိုချင်တာကတော့ဗျာ … တာဝန်ကျေတဲ့သူဟာ ကျက်သရေရှိတယ် ၊ တာဝန်မကျေတဲ့သူဟာ ကျက်သရေမရှိဘူးပေါ့ဗျာ ။ ကဲ ဒီတော့ မိဘတာဝန်မကျေတာကို ကြည့်ပြီး ကိုယ်ကလည်း တာဝန်မကျေသူ သားသမီးတစ်ယောက်အဖြစ်နဲ့ ဘဝကို တည်ဆောက်သွားမလား …..?

ပြီးတော့ မြတ်စွာဘုရား ဟောပြထားတဲ့ မိဘထက် အသိအလိမ္မာ ဥာဏ်ပညာ ကြီးကျယ်မြင့်မြတ်တဲ့ အတိဇာတသားသမီး ၊ မိဘနဲ့ အသိအလိမ္မာ တန်းတူရှိတဲ့ အနုဇာတသားသမီး ၊ မိဘအောက် အသိအလိမ္မာ နိမ့်ကျတဲ့ အဝဇာတသားသမီး ၊ အဲလို သားသမီးသုံးမျိုးထဲက ကိုယ်ကဘယ်လိုသားသမီး အဖြစ်နဲ့ ဘဝကိုတည်ဆောက်ကြမလဲ….. ?

တာဝန်ဆိုတဲ့စကားက … ဘဝကို အဓိပ္ပာယ်ရှိရှိ တည်ဆောက်လိုသူတွေရဲ့ နှလုံးသားထဲမှာ အမြဲတမ်း သန္ဓေတည်သင့်နေတဲ့ စကားပါ ။ ဝတ္တရားက ကြောင့်ကြမဲ့နေလို့ ရပေမယ့် ၊ တာဝန်ကိုကျတော့ ကြောင့်ကြမဲ့နေလို့ မရဘူးဆိုတာ သိကြမှာပါ ။ တချို့ကရှိတတ်ကြတယ် … မိဘတာဝန်မကျေဘူးတဲ့ ၊ တာဝန်မကျေတာကို သူ့အပိုင်းနဲ့သူ ထားလိုက် … တာဝန်ဆိုတဲ့ စကားကိုဘဲ နှလုံးသွင်း မျက်စိမှိတ် သင့်ပါတယ် ။ တာဝန်ကျေလိုက်တာနဲ့ ဘဝဆိုတာ ပိုအဓိပ္ပာယ်ရှိသွားမှာပါ ။ ဒါက မိဘနဲ့ သဟဇာတမဖြစ်တဲ့ သားသမီးတွေအနေနဲ့ တိုက်ဆိုင်နေမှာပါ ။ သဟဇာတဖြစ်တဲ့ သားသမီးတွေကတော့ စားသောက်ဖွယ် ပစ္စည်းဝတ္ထုတွေနဲ့ ထောက်ပံ့နေသလို ဝေယျာဝစ္စပြုစုမှုတွေနဲ့လည်း ကျေးဇူးဆပ်နေကြမှာပါ ။ ဒီ့ထက်ပိုပြီး မြင့်မြတ်တာကတော့ လူအများမလုပ်နိုင်တဲ့ သဒ္ဒါတရား မရှိသေးတဲ့ မိဘတွေ သဒ္ဒါတရားရှိလာအောင် ။ သီလမဆောက်တည်ဖြစ်တဲ့ မိဘတွေ သီလဆောက်တည်ဖြစ်အောင် ။ ဒါနမပြုဖြစ်တဲ့ မိဘတွေ ဒါနပြုဖြစ်လာအောင် ။ တရားအာမထုတ်ဖြစ်သေးတဲ့ မိဘတွေ တရားအားထုတ်ဖြစ်လာအောင် ပရိယာယ်နဲ့ဖြစ်ဖြစ် ၊ တိုက်ရိုက်ပဲဖြစ်ဖြစ် ဖန်တီးစီစဉ်ပေးတာပေါ့ဗျာ ။ ဒီလို ကျေးဇူးဆပ်နေတဲ့သူတွေက ဘဝမှာ အခက်အခဲတစ်စုံတစ်ရာ ကြုံခဲ့တောင် အောင်မြင်သွားတတ်ပါတယ် ။ ဒါကို အရင်ခေတ်က ပညာရှိအမတ်ကြီး ဦးချိမ့် မိဘကျေးဇူးဆပ်ပုံကို မဖတ်ရသေးတဲ့ သူတွေအတွက် သာဓကပြချင်ပါတယ် ။ ဦးချိမ့်က သူ့အမေရဲ့ ထဘီကို ကိုယ်တိုင်လျှော်ပေးပါတယ် ။ အခိုင်းအစေတွေ ရှိပေမယ့် ဘယ်တော့မှ မလျှော်ခိုင်းပါဘူး ။ သူဘယ်လိုလျှော်လဲဆိုတော့ သူ့အမေရဲ့ ထဘီကို အင်တုံထဲမှာ တစ်ညဥ့်စိမ်ထားလိုက်တယ် …. မနက်ရောက်မှ အင်တုံထဲက ထဘီကို နှိပ်ညှစ်ပြီး အင်တုံထဲမှာရှိနေတဲ့ ထဘီချေးရေတွေကို သွန်မပစ်ဘဲ သိမ်းထားလိုက်တယ် ထဘီကိုတော့ ဆက်လျှော်တာပေါ့ ။
နည်းနည်းကြာမှ ထဘီစိမ်ထားတဲ့ အင်တုံထဲက အပေါ်ယံရေကြည်တွေကို သွန်ပစ်လိုက်တယ် ၊ ဒီတော့ အင်တုံထဲမှာ ထဘီချေးအနှစ်တွေ ကျန်နေခဲ့တယ် ။ နောက်မှ အဲ့ချေးတွေကို နေလှမ်း ၊ ခြောက်တဲ့အခါကျတော့ ကျောက်ပြင်မှာ မှုန့်အောင်ကျိတ် ၊ အမှုန့် တွေလည်းရလာရော သူတို့ခေတ်ကရှိတဲ့ နံ့သာဆီတို့ ပန်းပေါင်းဆီတို့ သနပ်ခါးတို့နဲ့ရောကျိတ်ပြီး ဦးချိမ့်က သူ နန်းတော်ကို အခစားဝင်တိုင်း သူ့နားမှာ ပန်တယ် ခေတ်စကားနဲ့ဆိုရင်တော့ နားပန်တာပေါ့ဗျာ ။ ဒီလိုကြောင့်ဘဲ ဦးချိမ့်က ဘဝမှာ အစစအရာရာ အဆင်ပြေခဲ့တယ် ၊ ဘုရင်ကလည်း ဆုတွေချီးမြှင့်ခဲ့တယ် ။ အင်္ဂလန် ၊ ပြင်သစ် ၊ စပိန် ၊ အီတလီစတဲ့ နိုင်ငံတွေကို သံတမန်အနေနဲ့ သွားရောက်ခဲ့ရပြီး သူ့ကို ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်တွေ ဆပ်ကပ်ခြင်းခံခဲ့ရပါတယ် ။ ကျွန်တော်လည်း ဦးချိမ့်အကြောင်းကို ဖတ်ပြီးခေါင်းထဲကကို မထွက်တော့တာနဲ့ ဝေမျှလိုက်တာပါ ။ ဒီနေရာမှာ မေးစရာရှိလာနိုင်ပါတယ် … ဘာလဲဆိုတော့ သားသမီးတွေ အရွယ်မရောက်ခင်မှာ ထားခဲ့ပြီး နောက်ယောင်္ကျားယူသွားတဲ့ အမေမျိုး ၊ အရွယ်မရောက်သေးတဲ့ ကလေးတွေကို ထားခဲ့ပြီး နောက်အိမ်ထောင်ပြု ၊ သားသမီးတွေကိုလုံးဝပြန်လှည့်မကြည့်တော့တဲ့ အဖေမျိုး ၊ မိဘတာဝန် လုံးဝမကျေပွန်တဲ့ မိဘမျိုး ၊ ဒီလို မိဘမျိုးတွေရဲ့ ထဘီပုဆိုးတွေကိုကော လျှော်ပေးပြီး ချေးမှုန့်တွေကို နားမှာပန် ၊ မျက်နှာမှာ လိမ်းသင့်သလားဗျာ … ?

ဒီတော့ ဘုရားဟောထားတဲ့အတိုင်း လောကမှာ တာဝန်တွေရှိတယ် ။ တာဝန်ကျေတဲ့သူဟာ ကျက်သရေ ရှိမယ် ။ တာဝန်မကျေတဲ့သူဟာ ကျက်သရေမရှိပါဘူး ။ လောကမှာ အရာရာတို့ထက် မြတ်စွာဘုရားရဲ့ နှုတ်မှထွက်တဲ့ တရားစကားကသာ အလေးနက်ဆုံး ၊ အမြတ်ဆုံး ဖြစ်ပါတယ် ( Weightiest and noblest of them all are the words of Buddha . )

ဆက်လက်ဖတ်ရှုရန် ...

တောင်ပြိုသောနေ့

တောင်ပြိုသောနေ့


အဖေသေတဲ့နေ့မှာ …

အမေနဲ့ သားသမီးတွေ ငိုကြတယ် ။
အမေသေတဲ့နေ့မှာ …

သားသမီးတွေ ငိုကြတယ် ။

အမွေခွဲတဲ့နေ့မှာတော့ …

တမလွန်က အဖေနဲ့အမေ ငိုနေကြပြီလေ ။။။

ဆက်လက်ဖတ်ရှုရန် ...