Jeanjacketlay's အတွေးသွေလွဲခြင်း...

အော်...တစ်ချိန်ကဆိုပေမဲ့ မနေ့ကလိုဘဲ သူငယ်ချင်းလေး...ငါတို့ ကလေးဘ၀က အဖြစ်အပျက်တွေကို သတိရနေဆဲပါ.......
---လွယ်အိတ်ဘေးတစ်စောင်းလေးနဲ့ ကောင်မလေးတစ်ယောက်ကို ယောကျာင်္းလေးဆန်စွာ တွေ့ခဲ့ရပြီးနောက်ပိုင်း အခုထိဘာလို့ စွဲလမ်းနေရတာလဲ...
---ပျော်ပွဲစားထွက်ကြရင် လိုက်မလာတဲ့ ကောင်မလေးတစ်ယောက်ကို အချိန်သာကုန်သွားတယ် လာမလားလို့ မျှော်နေမိတဲ့ သူငယ်ချင်းလေးက ခုထိ အိပ်မက်ထဲမှာ ရောက်ရောက်လာနေတာလဲ...

---ကားမောင်းတတ်ချင်တဲ့ ကောင်မလေးတစ်ယောက်ကို ကံကြမ္မာက မယုံရတဲ့အတွက်..စိုးရိမ်ပြီး အချစ်တွေပိုခဲ့ရတာက ခုထက်ထိ မလျော့နိုင်သေးရတာလဲ...
---စာလာသင်နေတဲ့ ကောင်မလေးတစ်ယောက်ကို စာမကြည့်ဘဲ ခိုးပြီးကြည့်ခဲ့ရတာက ခုထက်ထိ သူငယ်ချင်းလေးရဲ့ ဓာတ်ပုံကို စာကြည့်တိုင်းဘာလို့ ကြည့်နေရတာလဲ...
---ဆိုင်ကယ်စီးတိုင်း တည့်တည့်မသွားဘဲ အ.ထ.က ကျောင်းဘက်ရောက်ရောက်သွားတာ ကျောင်းတော်ကြီးကို ချစ်လွန်းလို့ မဟုတ်ခဲ့ပါဘူး သူငယ်ချင်းလေးကို တွေ့ချင်လွန်းလို့ဖြစ်ပျက်ခဲ့တာက ခုထက်ထိ ဘာလို့တွေ့ချင်နေတာလဲ...
---တစ်နေ့ မှတ်မှတ်ရရ.. သူငယ်ချင်းလေး ဈေးကအပြန် နောက်ကအမှီလိုက်ပြီး ဆိုင်ကယ်စီးရင်း စကားတွေပြောခဲ့တာတွေက ခုထက်ထိ ပြောချင်နေတုန်းပါလား...
---မဖိတ်ခေါ်ဘဲ အိမ်ကိုအလည်သွားခဲ့ပြီး သူငယ်ချင်းလေးဆီက ကော်ဖီနဲ့ဝေဖာစားခဲ့ရတာကို သတိရလွန်းလို့ ခုထက်ထိ သူကိုယ်တိုင် ကျွေးတာကိုဘဲ တောင့်တနေတာ စားချင်လို့တော့မဟုတ်လောက်ဘူး...
---စားတော့စားချင်ခဲ့တာဗျ.. သူငယ်ချင်းလေးက ကျွန်တော် စားနေတုန်း ဧည့်ခန်းထဲ ၀င်လာတော့မယ့် ------- ကို အမြင်ကတ်လို့ ဧည့်ခန်းထဲကထွက်သွားသလို ခုလည်း သူ့ရင်ထဲကိုဘယ်သူမှ ၀င်မလာစေချင်တာ လွန်များလွန်နေမလားဗျာ...
---တစ်မနက် သနပ်ခါးမခြောက်သေးတဲ့ သူငယ်ချင်းလေးက ကျွန်တော့်ကို မမှတ်မိဘူးဗျ ဂုပ်ဆိုးတယ်လေ.. မှတ်မိလို့ ပြုံးသွားတာကို ခုတွေ့ချင်နေပါလား..ဓာတ်ပုံလေးရှိရင်ကောင်းမယ်...
---သူငယ်ချင်းလေး မီးမလာလို့ ဖယောင်းတိုင်ထွန်းပြီး ကျွန်တော့်ဆီ စာရေးခဲ့သလို အခု မီးမပိတ်..မျက်လုံးမပိတ်ဘဲ ဘလော့ခ်ရေးနေတာ ချစ်လွန်းလို့ပါဗျာ...
---ဆရာကန်တော့ပွဲကို ခေါ်ချင်ပေမဲ့ လမ်းခရီးစိတ်မချလို့ မခေါ်ခဲ့တာ အခု သူငယ်ချင်းလေးဆီ ဘာဖြစ်ဖြစ် အရမ်းသွားချင်နေတာ ဘာကြောင့်လဲ...



သူငယ်ချင်းလေး.. နေ့ည တွေးသမျှ အတွေးတွေအကုန်လုံး မင်းသိမ်းသမျှ ဆက်ရေးနေမယ်...

No comments: