သူငယ်ချင်း လေး...
ငါမမြင်နိုင်ပေမယ့် မင်းအမြဲပြုံးနေပါ
ဘ၀ဆိုတာက မတူညီခြင်းတွေမှာ သံသရာလည်တယ်
နွေလွန်ရင်မိုး နောက်ထပ်ပြောင်းတော့ ဆောင်းပေါ့
ဟိုး... သုံးနှစ်က မိုးတွေခေါင်တယ်
ငါမမေ့နိုင်သေးဘူး
ခပ်လျော့လျော့ လက်တစ်စုံပါ
အငိုကြိုက်တဲ့ မင်းကို
မျက်ရည်တော့ သုတ်ပေးနိုင်ပါတယ်
မိုးဆိုတာ အမြဲတမ်း မရွာနိုင်သလိုပေါ့
ပေးဆပ်ချင်တဲ့ကောင်က ငါပါ
တစ်ခါတစ်ခါတော့လဲ မင်းကိုတမ်းတပြန်တယ်
ကိုယ်ပိုင်လွတ်လပ်ခွင့် တဲ့
မိုးရေထဲလျှောက်သွားတဲ့ ကောင်မလေး
စိုမှာ စိုးတော့ မိုးရလိမ့်မယ်
ဘယ်လိုပေတံနဲ့ တိုင်းကြလို့ ငါတို့ဝေးနေရတာလဲ
သူငယ်ချင်း လေးရယ်...
ငါမမြင်နိုင်ပေမယ့် မင်းအမြဲတမ်းပြုံးနေပါ
ဝေမျှပေးတဲ့ မိုးချစ်သူ ကို ကျေးဇူး ...
သူငယ်ချင်း ချစ်သူလေးအတွက်...
ပို့စ်အကြောင်းအရာ။ ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment