နီတိ ဟူသော ဝေါဟာရဆိုတာ သင်္သကရိုက်ပါဠိ ဘာသာစကားဖြစ်ပြီး လမ်းညွှန် လို့အဓိပ္ပါယ်ရပါတယ်။လူ့လောကသားတွေ သိမှတ်လိုက်နာသင့်တဲ့ လူမှုကျင့်ဝတ် နဲ့ လူမှုစည်းကမ်း တွေကိုပေါင်းစည်းပြီး လောကနီတိ လို့ခေါ်ဝေါ်သုံးစွဲခဲ့ပါတယ်။ရှေးလူကြီးတွေ ထားရစ်ခဲ့တဲ့ စကားပုံတွေ၊ မှတ်သားလိုက်နာဖွယ် အဆိုအမိန့်တွေ၊ သင်ခန်းစာရယူဖွယ် ဇာတ်ကြောင်း ပုံပြင်တွေကနေ ကောင်းနိုးရာရာတွေကို စုစည်းထားတဲ့ လူမှုဆိုင်ရာ လောကနီတိကျမ်းဟာ ဘာသာမရွေး၊ လူမျိုးမရွေး၊ အရွယ်သုံးပါး လိုက်နာဖွယ် ကောင်းလှပါတယ်။
---ပျင်းရိသောသူ အတတ်ပညာမရနိုင်၊
---အတတ်ပညာမရှိသူ ဥစ္စာစီးပွားမရနိုင်၊
---ဥစ္စာစီးပွားမရှိသူ အဆွေခင်ပွန်းကောင်းမရနိုင်၊
---အဆွေခင်ပွန်းကောင်းမရှိသူ ချမ်းသာသုခမရနိုင်၊
---ချမ်းသာသုခမရှိသူ ကောင်းမှု ကုသိုလ်မရနိုင်၊
---ကောင်းမှုကုသိုလ်မရှိသူသည် နိဗ္ဗာန်ကိုအဘယ်မှာမျက်မှောက်ပြုနိုင်အံ့နည်း။
---လောကတွင် အတတ်ပညာနှင့်တူသောဥစ္စာသည် မရှိ၊
---အတတ်ပညာကို ခိုးသူတို့ မခိုးနိုင်၊
---အတတ်ပညာသည် မိတ်ဆွေကောင်းဖြစ်ပြီး ချမ်းသာကိုလည်း ပေးဆောင်နိုင်သည်။
---အတတ်ပညာမရှိသူသည် သူတစ်ပါးဝန်ုကို ထမ်းရ၏၊
---အတတ်ပညာရှိသူသည် သူတစ်ပါးဂုဏ်ပြုခြင်းကို ခံရ၏၊
---ထို့ကြောင့် အတတ်ပညာကို နေ့စဉ်နေ့တိုင်း ရအောင် သင်ယူသင့်သည်။
+++One without knowledge has to carry other's burden.
+++One who has knowledge is honoured by others.
+++So strive daily to get knowledge.
လောကနီတိ (Loka Niti)
ပို့စ်အကြောင်းအရာ။ အတွေးများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment